မြန်မာစာဌာနရဲ့ စိန်ရတုဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ ကျင်းပခဲ့ပြီး မြန်မာစာပေဆိုင်ရာစာတမ်းတွေကို ဒီဇင်ဘာ ၂၂ ,၂၃ ၂ရက်တာဖတ်ကြား သွားမယ်လို့ သိရပါတယ်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ၇၅နှစ်ပြည့်စိန်ရတုအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကအဖွင့်အမှာ စကားပြောကြား ဖွင့်လှစ်ခဲ့ပါတယ်။မြန်မာစာဌာန သီးသန့်ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့တော့ အငြိမ်းစားမြန်မာစာပါမောက္ခ ဒေါက်တာခင်အေးကခုလိုရှင်းပြပါတယ်။လက်ရှိမြန်မာစာပေသင်ကြားမှုဆိုင်ရာအခြေအနေတွေ အမှတ်ခွဲခြားသတ်မှတ်မှုတွေနဲ့ ပတ်သက်လို့အားရမှုမရှိဘဲ ပြောင်းလဲမှုတွေလုပ်သင့်တဲ့အကြောင်းကိုတော့ မြန်မာစာပါမောက္ခတစ်ဦး လည်းဖြစ်တဲ့ စာရေးဆရာမောင်သာချိုက သုံးသပ်ဝေဖန်ပြပါတယ်။မြန်မာစာစိန်ရတုပြခန်းနဲ့ စာအုပ်ရောင်းပွဲတော်ကိုတော့ တက္ကသိုလ် အပန်းဖြေရိပ်သာမှာ ဒီဇင်ဘာ(၂၁)ရက်ကနေ (၂၄)ရက်ထိ ပြုလုပ်သွားမှာဖြစ်ပြီး ဆရာ၊ဆရာမဟောင်းများ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသလို လက်ရှိတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း တက်ရောက်ကြပါတယ်။ မြန်မာစာဌာနရဲ့ စိန်ရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲ ပထမရက်မှာ ဆရာ၊ ဆရာမ(၉)ဦးက စာတမ်းဖတ်ကြားခဲ့ပြီး ဒုတိယရက်မှာတော့ ဆရာ၊ ဆရာမ(၁၃)ဦးက  စာတမ်းဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ မြန်မာစာဌာနစိန်ရတုအထိမ်းအမှတ်အဖြစ် ဒီဇင်ဘာ(၂၁)ရက်ကလည်း တက်္ကသိုလ်များ ဓမ္မာရုံမှာ သံဃာတော်(၇၅)ပါးကို နေ့ဆွမ်းကပ်လှူခဲ့တယ်လို့သိရပါတယ်။

 

Related News