အစိုးရသစ်လက်ထက် အခုနှစ် ဧပြီလကနေဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃ ရာ ကျော်ကို Indian Technical and Economics Coorperation (ITEC) ရဲ့ အကူအညီနဲ့ အိန္ဒိယနိုင်ငံကို ပညာတော်သင်စေလွှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းက နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်မှာပြုလုပ်တဲ့ Indian Technical and Economics Coorperation (ITEC)  နှစ်ပတ်လည်အခမ်းအနားအတွင်းမှာ ပညာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောတာပါ။မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို ITEC ရဲ့ အကူအညီနဲ့ နှစ်စဉ် ၀န်ထမ်းတွေကို ပညာတော်သင် စေလွှတ်လျက်ရှိနေရာမှာ အခုနှစ်မှာတော့ ၈ လအတွင်းမှာ ၀န်ထမ်း ၃၂၇ ဦးကို ပညာတော်သင် စေလွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ITEC ရဲ့ အကူအညီနဲ့ အိန္ဒိယနိုင်ငံကို ပညာတော်သင်တွေ စေလွှတ်ခဲ့တာဟာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး ပညာတော်သင်သွားတက် ရောက်ခဲ့တဲ့ဝန်ကြီးဋ္ဌာန တွေထဲမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့လည်း ပါဝင်ခဲ့ပါတယ်။ Indian Technical and Economics Coorperation (ITEC)  ရဲ့ နှစ်ပတ်လည်နေ့ အခမ်း အနားကိုတော့ မြန်မာအစိုးရပိုင်းက ပြည်ထောင်စုဝန်ကြီးအချို့နဲ့ အိန္ဒိယသံရုံးက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအပါအ၀င် သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။  

Related News