ချမ်းမြ၀တီသီလရှင်သင် ပညာရေးကျောင်းဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ ဇန်န၀ါရီ (၅)ရက်နေ့ မှာစာသင်ကျောင်း တည်ရှိရာ ရန်ကုန်မြို့ပုလဲမြို့သစ်ရှိ ရွှေနံ့သာစံပြရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။    ဒီကျောင်းမှာ ရှမ်းပြည်နယ် တောင်ပိုင်းဆီဆိုင်မြို့ အနီးကျေးရွာတွေကရောက်ရှိလာတဲ့ ကလေးငယ်(၄၁)ဦး ကို သီလရှင်ဝတ်ပေးခဲ့ပြီး အဲ့ဒီကလေးငယ်တွေအတွက်ရည်ရွယ်ကာ ကျောင်းကို ဖွင့်လှစ်ပေးခဲ့တာပါ။

ဒီကျောင်းဟာ သီလရှင်စာသင်တိုက်အဖြစ် ဖွင့်လှစ်ခဲ့ရာကနေ ဒီ ကလေးငယ်တွေ ရောက်လာမှသာ သီလရှင်သင်ပညာရေးကျောင်း အဖြစ်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။သီလရှင်သင်မူလတန်းပညာရေးကျောင်းမှာ ပင်တိုင်ဆရာမ(၂)ဦးနဲ့ အရန်ဆရာမ တစ်ဦးတို့က သာ သင်ကြားပေးနေတာပါ။ ဆရာမတွေရဲ့လစာကိုတော့ တစ်ဦးကို (၅)သောင်းနှုန်းနဲ့ သီလရှင်ကျောင်းက စိုက်ထုတ်ပေးနေတာဖြစ်ပြီး နိုင်ငံတော်ကပေးမယ့်လစာ ကိုတော့ နောက်နှစ်ပညာ သင်နှစ်မှသာရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဆရာလေးတွေရဲ့စားသောက်ရေးနဲ့ သင်ကြားမှုစရိတ်တွေအတွက် ဆွမ်းခံကရရှိတဲ့ အလှူငွေတွေ၊လှူဖွယ် ပစ်္စည်းတွေနဲ့သာလည်ပတ်နေရပြီး အလှူရှင်တွေလည်းလိုအပ်နေတာပါ။လာရောက်လှူဒါန်းလိုသူတွေအနေနဲ့ ပုလဲမြို့သစ်မှာရှိတဲ့ ရွှေနံ့သာစံပြရပ်ကွက်က ချမ်းမြ၀တီ စာသင်တိုက်မှာ သွားရောက်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ဆက်သွယ်လှူဒါန်း လိုရင်တော့ ဖုန်းနံပတ် ၀၉၄၅၀၀၀၇၆၉၆ နဲ့ ၀၉၇၉၉၉၃၀၂၆၀ တို့ကိုဆက်သွယ်လှူဒါန်း နိုင်မယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းပေါင်း (၂၂၈)ကျောင်းထိရှိနေပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၇)သောင်းကျော်ထိ ရှိနေပြီလို့ သိရပါတယ်။

Related News