ဒေါက်တာဦးဇေယျ ဖောင်ဒေးရှင်းကနေ တက္ကသိုလ်တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူ ၇ ဦးကို ဇန်န၀ါရီ ၈ ရက်နေ့က ပညာသင်ဆုပေးအပ်ခဲ့ပါတယ်။တစ်ဦးကို ငွေကျပ် သုံးသိန်းဆီထောက်ပံ့တာဖြစ်ပြီး ဒါဟာဒေါက်တာဦးဇေယျ ဖောင်ဒေးရှင်း ကနေ ပထမဆုံးထောက်ပံ့တဲ့ ပညာသင်ဆုလည်းဖြစ်ပါတယ်။အခုပေးအပ်တဲ့ပညာသင်ဆုဟာ ရန်ကုန်အပါအ၀င်မော်လမြိုင်၊ ရခိုင်စတဲ့ နယ်မြို့တွေမှာ တက္ကသိုလ်တက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူ(၇)ယောက်ကိုပေးအပ်တာပါ။

ပညာသင်ပေးအပ်မယ့်အကြောင်းကို ကြိုတင်ကြေညာခဲ့ပြီး အခုတော့လျှောက်ထားသူတွေကို ပေးအပ်ခဲ့တာပါ။ဆုလျှောက်ထားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာဆက်လက်သင်ကြားဖို့ ငွေကြေးတကယ်လိုအပ်တာပြီး ပညာသင်ကြားရာမှာ အခက်အခဲရှိနေတဲ့သူတွေကိုသာ အဓိက ရွေးချယ်ထောက်ပံ့သွားမှာ ဖြစ်တယ်လို့သိရပါတယ်။နောက်ပိုင်းတွေမှာလည်း ပညာသင်ဆုထောက်ပံ့ရေးအစီစဉ်တွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ပညာသင်ထောက်ပံ့ရေး အစီစဉ်တွေကို သတင်းစာတွေထဲမှာလည်း ထည့်သွင်းကြော်ငြာပေးသွားမယ်လို့သိရပါတယ်။

Related News