ပြည်ပသွားရောက်လုပ်ကိုင်မယ့် လုပ်သားတွေအတွက် ပြည်ပထွက်ခွာရန် လိုအပ်တာတွေ သင်ကြားပေးမယ့် သင်တန်းကို ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း မှာ ဇန်န၀ါရီ(၉)ရက်ကစပြီး (၃)ရက်တာဖွင့်လှစ် သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းသင်ရိုးကို ပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ IOM , IOLတို့နဲ့အတူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပူးပေါင်းပြီးရေးဆွဲခဲ့တယ်လို့ သိရပါတယ်။ ဒီသင်ရိုးမှာ လုပ်သားတွေသွားရောက်လုပ်ကိုင်မယ့် နိုင်ငံအလိုက် ယဉ်ကျေးမှု၊ စည်းကမ်း၊ ထုံးတမ်းဓလေ့တွေကို သင်ကြားပေးသွားမှာဖြစ်သလို တရားမ၀င် ရွှေ့ပြောင်းသွားလာမှုနည်းအောင် ပတ်စပို့လျှောက်တာကနေ အလုပ်ခွင်အတွင်း ရပိုင်ခွင့်နဲ့ လုပ်ငန်းရှင်၊အလုပ်သမား စာချုပ်ချုပ်ဆိုတာတွေကိုပါ ရှင်းပြသင်ကြားပေးသွားမှာပါ။

လူကုန်ကူးမှုတားဆီးရေးဆိုင်ရာအချက်အလက်တွေ၊ အလုပ်သမားဥပဒေနဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ်တွေကို အသေးစိတ်သင်သွားမယ်လို့သိရပါတယ်။(၃)ရက်တာ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းမှာ လုပ်သား(၃၀၀)ကျော်လက်ခံသင်ကြားပေးသွားမှာဖြစ်ပြီး လုပ်သားအများစုက အေဂျင်စီနဲ့ချိတ်ဆက်ပြီး လာရောက်ကြတာပါ။အရင်က မလေးရှားနိုင်ငံကို သွားရောက်ဖို့ လမ်းညွှန်သင်တန်းတွေ ဖွင့်လှစ်သင်ကြားဖူးပေမယ့် ယခုသင်တန်းကတော့ မြန်မာနိုင်ငံသားအများစုသွားရောက်လုပ်ကိုင်နေကြတဲ့ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေအပြင် အရှေ့အလယ်ပိုင်းနိုင်ငံတွေအကြောင်းကိုပါ သင်ကြားပေး သွားမယ်လို့ သိရပါတယ်။ 

 

 

Related News