အော်ဂဲနစ် လူသုံးကုန်ပစ်္စည်း ထုတ်လုပ်တဲ့ နည်းပညာသင်တန်းကို ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ်ရှိ သမ၀ါယမအသင်းခန်းမမှာ ပြုလုပ်နေပြီး ပထမအကြိမ်ထက် စိတ်ဝင်စားမှု မြင့်လာတယ် လို့ သိရပါတယ်။ဒီသင်တန်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းနဲ့ အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနတို့က ဖွင့်လှစ်တာဖြစ်ပြီး ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။ဒီသင်တန်းကိုတစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ စိတ်ဝင်စားသူ(၅၀)ကျော် တက်ရောက်ပြီး သင်တန်းကာလာက ဇန်န၀ါရီလ (၉)ရက်နေ့မှ ၁၃ ရက်နေ့ထိ သင်ကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းအနေနဲ့လည်း အခုလို သင်တန်းတွေကို ရန်ကုန်အပြင် နယ်မြို့တွေမှာပါ ဖွင့်လှစ်ဖို့ရှိတယ်လို့သိရပြီး ဒီသင်တန်းပေးတဲ့အတွက် ဓာတုဗေဒ အသုံးပြုမှုလျော့ကျပြီး သဘာဝပစ္စည်းတွေရဲ့ အကျိုးကို သိရှိဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

 

 

Related News