အခုနှစ် ပြုလုပ်မယ့် နိုဘယ်-မြန်မာစာပေပွဲတော်မှာ ရသစာပေကို အဓိက ပြသသွားမယ်လို့ ဇန်န၀ါရီ (၁၀)ရက်ကOrchid Hotel  မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ နိုဘယ်-မြန်မာစာပေပွဲတော်ကိုလာမယ့်  ဇန်န၀ါရီ (၂၂)ရက်ကနေ (၂၄)ရက်နေ့အထိ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရသစာပေကို ဖော်ထုတ်မယ့် စာပေပွဲတော်တစ်ခုဖြစ်တာနဲ့အညီ ရသစာပေဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စာတမ်းဖတ်ပွဲ၊ ဟောပြောပွဲ၊ ၀တ္ထုတိုဖတ်ပွဲ၊ ကဗျာရွတ်ပွဲနဲ့ စာပေဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင်ကာတွန်းပြပွဲ၊ ပန်းချီပြပွဲ အပါအ၀င် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နဲ့ စာအုပ်များ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။နိုဘယ်-မြန်မာစာပေပွဲတော်ကို (၂၀၁၅)ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ စာပေ၊ ကလေးစာပေစတဲ့ ခေါင်းစဉ်တွေနဲ့ ကျင်းပခဲ့ပြီး အခုနှစ်ကတော့ တတိယအကြိမ် ပြုလုပ်တာ ဖြစ်ပါတယ်။  

Related News