ပြည်တွင်းမှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အလေးထားမှုအားနည်းနေပြီး ဒါဟာနိုင်ငံရဲ့ လုပ်သားအင်အားကို အားလျော့စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်က သုံးသပ်ပြောဆိုလိုက်ပါတယ် ။ဆွစ်ဇာလန်နိုင်ငံက အထောက်အပံ့နဲ့ အကောင်အထည်ဖော်နေတဲ့ "အလုပ်လုပ်ရင်း ၀င်ငွေရှာ"  "Earn While You Learn"အစီအစဉ် ပတ်သတ်လို့ ဖေဖော်ဝါရီ၂၄ ရက်က သတင်းမီဒီယာ တွေနဲ့ဆွေးနွေးရာမှာ ပြောသွားတာပါ။လက်ရှိမြန်မာနိုင်ငံမှာ တက္ကသိုလ်ပညာရေးကို အလေးထားပြီး သက်မွေးဝမ်းကျောင်းပညာရပ်တွေကို အလေးထားမှု အားနည်းနေတာဟာ အားနည်း ချက်ဖြစ်နေ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးက သုံးသပ်ပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ လုပ်သားအင်အားစုအပေါ် မူတည်နေပြီး ဒီသင်တန်းတွေဟာ လုပ်သားအင်အားစုတိုးတက်လာရေးကို လုပ်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ဆွစ်ဇာလန်နိုင်ငံအနေနဲ့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ၅သန်းဝန်းကျင်သုံးပြီး မြန်မာနိုင်ငံမှာ အသက်မွေးပညာသင်တန်းကျောင်းတွေသင်ကြားပေးနေသလို ဟိုတယ်လုပ်ငန်းတွေ၊ သံချည်သံကွေး လုပ်ငန်းတွေ၊ စက်ပြင်တာ တွေအပါအ၀င် လက်သမားပညာနဲ့ အလှပြင်တာလိုသင်တန်းတွေ သင်ကြားနေတာလို့သိရပါတယ်။မြန်မာနိုင်ငံရဲ့မော်လမြိုင်၊မန်္တလေးနဲ့ရန်ကုန်မြို့တွေမှာ သင်တန်းပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။သက်မွေးပညာသင်ကျောင်းနဲ့ပတ်သတ်တဲ့Road Showတွေကို မော်လမြိုင်မြို့မှာ ဧပရယ်လ ၃ရက်၊မန္တလေးမြို့မှာ ဇွန်လ၉ရက်နဲ့ ပုသိမ်မြို့မှာစက်တင်ဘာလထဲမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

 

Related News