သင်္ချာဘာသာရပ်ကို အဓိကထားသင်ကြားပေးနေတဲ့ UCMAS(ယူစီမက်စ်) သင်တန်း ကျောင်း ဖွင့်လှစ်တဲ့အခမ်းအနာကို ရန်ကုန်မြို့ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီသင်တန်းကျောင်းက သချာင်္ဘာသာရပ်ကို အဓိက ထားသင်ကြားပေးနေတဲ့ သင်တန်း ကျောင်းဖြစ်ပြီး အသက်လေးနှစ်ကနေ ၁၂နှစ်အထိ ကလေးငယ်တွေအတွက် သချာင်္ဥာဏ်စမ်းတွေကို အမြင်အာရုံ၊ အကြားအာရုံနဲ့ပါ တွက်ချက်နိုင်ဖို့အပြင် ပေသီးနဲ့ တွက်ချက်တာတွေလည်း သင်ကြားပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

UCMAS(ယူစီမက်စ်)  သင်တန်းကျောင်းကို လက်ရှိ ရန်ကုန်မှာတော့ လသာမြို့နယ်မှာ ဖွင့်လှစ်ထားပြီး နွေရာသီကျောင်းပိတ်ရက်တွေမှာတော့ တစ်ပတ်မှာ နှစ်ရက်နဲ့ နှစ်လသင်တန်းကို ဖွင့်လှစ်ထားပြီး  ကလေးအသက်(၄)နှစ်ကနေ (၁၂)နှစ်အထိ သင်ကြားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း သင်တန်းခွဲတွေ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

 

 

Related News