သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ ၈၇ နှစ်ပြည့်မွေးနေ့အခမ်းနားကိုတော့မတ်လ ၁၂ ရက်နေ့က လမ်းမတော်သံဈေးရှိတဲ့ Yangon Book Palaza မှာကျင်းပပြုလုပ်ခဲ့ပြီး ဒီပွဲမှာတော့ငါတို့စာပေမှာ ပြန်လည်         ထုတ်ဝေထားတဲ့ ဆရာကြီးဦးဝင်းတင်ရေးသားခဲ့တဲ့ “ဘာလဲဟဲ့လူ့ငရဲ” စာအုပ်ကိုပါရောင်းချခဲ့ပါတယ်။ ခုလိုကျင်းပရတာဟာသတင်းစာဆရာကြီးဦးဝင်းတင်အကြောင်းကို ယခုခေတ်လူငယ်တွေ သိရှိစေဖို့နဲ့ ဗဟုသုတရရှိစေရန်ရည်ရွယ်တယ်လို့ Pen Myanmar အဖွဲ့စည်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက ပြောထားပါတယ်။

ဒီပွဲမှာတော့ ဆရာကြီးဦးဝင်းတင်ရဲ့အကြောင်းကို မသီတာ(စမ်းချောင်း)၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ၊  ဏနည ပြညောမေ က ဦးမျိုးမြင့်ငြိမ်းတို့ကတက်ရောက် ဟောပြောခဲ့ပြီး လာရောက်နားထောင်ခဲ့တဲ့ လူငယ်တွေကလည်း မိမိတို့နားလည်ထားတဲ့အတိုင်း ဆရာဦးဝင်းတင်ရဲ့ အကြောင်းကို ပြန်လည်ပြောဆိုဆွေးနွေးခဲ့ကြပြီး ဆရာကြီးဦးဝင်းတင်နဲ့ပတ်သက်တဲ့ အနုပညာတင်ဆက်မှုများကိုပါပြသခဲ့ပါတယ်။Myanmar Book Palaza  အနေနဲ့လည်းထင်ပေါ်ကျော်ကြားခဲ့တဲ့စာရေးဆရာကြီးတွေ သတင်းစာဆရာတွေရဲ့ အထိမ်းမှတ်တွေကို လူငယ်တွေသိရှိဖို့အတွက် နောက်လတွေမှာ လည်းဆက်လက်ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

 

 

Related News