ပြည်တွင်းက ကျောက်မျက်ရတနာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျောက်မျက် ရတနာလုပ်ငန်းနဲ့ပတ်သက်တဲ့ အကယ်ဒမီကျောင်းတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မတ်လ(၈)ရက်နေ့က ပါ့ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲသတင်းစာရှင်းလင်းပွဲမှာ ကျောက်မျက်အသင်း တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။ ပြည်တွင်းက ကျောက်မျက်ရတနာတွေ အရည်အသွေး မြင့်တက်လာစေဖို့နဲ့ နိုင်ငံတကာ ဈေးကွက်မြှင့်တင်နိုင်ဖို့ အခုလိုအကယ်ဒမီကျောင်းတွေကို ဖွင့်လှစ်ဖို့စီစဉ်တာဖြစ်ပြီး အကယ်ဒမီ ကျောင်းတွေမှာ ကျောက်မျက်ရတနာဒီဇိုင်းပုံစံတွေ ပိုမိုကောင်းမွန်လာအောင် နည်းပညာ ပိုင်းဆိုင်ရာတွေကိုလည်း သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကျောက်မျက်ရတနာနဲ့ပတ်သက်တဲ့ အကယ်ဒမီကျောင်းတွေ ဖွင့်လှစ်ရတာဟာ ကျောက်မျက်နဲ့ပတ်သက်တဲ့ ပညာရှင်တွေ မွေးထုတ်ပေးနိုင်သလို အလုပ်အကိုင်၊ အခွင့်အလမ်း တွေ များပြားလာစေဖို့အတွက်လည်း အကူအညီပေးရာရောက်တယ်လို့ မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းက သိရပါတယ်။ အဲ့ဒီလို အကယ်ဒမီကျောင်းတွေ ဖွင့်လှစ်ဖို့အတွက် ကျောက်မျက်ရတနာပညာရှင်တွေ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News