ပြည်တွင်းမှာ ကလေးစာပေကိုဖန်တီးထုတ်လုပ်နိုင်ဖို့ မတ်လ ၁၉ ရက်ကနေ ၂၄ ရက်အထိ Orchid Hotel မှာ (၆)ရက်တာသင်တန်း ပို့ချပေးလျက်ရှိတယ်လို့သိရပါတယ်။ ကလေးတွေစာဖတ်ချင်စိတ်ဖြစ်လာအောင် ရုပ်ပုံကားချပ်နဲ့ အရောင်တွေအများဆုံး အသုံးပြု ထားတဲ့ ကလေးစာပေကို ပြည်တွင်းမှာ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်ဖို့ ဂျပန်ဝါရင့် ရုပ်ပြပညာရှင် Mr.Yabe ကသင်တန်း(၆)ရက်သင်ကြားပေးလျက်ရှိတယ်လို့သိရပါတယ်။ဒီသင်တန်းကို Shanti   (ရှန်တီ) Volunteer Association က မြန်မာနိုင်ငံစာရေးဆရာအသင်းနဲ့ ပူးပေါင်းပြီး ကလေးစာပေထုတ်လုပ်ရေးကို တတိယအကြိမ်ဖွင့်လှစ်သင်ကြားပေးနေတာပါ။ 

အခုဖွင့်လှစ်လိုက်တဲ့ ကလေးစာပေထုတ်လုပ်ရေးသင်တန်းမှာတော့ သိပ္ပံဘာသာရပ်နဲ့ဆိုင်တဲ့ သရုပ်ပြစာအုပ်ကို ဖန်တီးနိုင်ဖို့အဓိက သင်ကြားပေးသွားမှာဖြစ်ပါတယ်။ဒီသင်တန်းကိုတော့ပညာရေးကောလိပ်က ဆရာမတွေနဲ့ ကလေးဗဟိုပြုသင်ထောက်ကူပစ္စည်းတွေဖန်တီးနိုင်ဖို့ ပန်းချီ၊ စာပေပညာရှင်တွေပါ တက်ရောက်နေကြပါတယ်။ Shanti (ရှန်တီ)  Volunteer Association က ပြည်တွင်းမှာ ကလေးစာပေထုတ်လုပ်ရေး သင်တန်းအတွက် ရုံးခွဲနှစ်ခုဖွင့်လှစ်ထားဖြစ်ပြီး နေပြည်တော်၊ မန္တလေးနဲ့ မော်လမြိုင်မြို့တို့မှာ ကျင်းပခဲ့တဲ့ကလေးစာပေပွဲတော်တွေမှာလည်း ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

 

 

Related News