မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းခွင်ဝင်မဲ့လူငယ်လူလတ်ပိုင်းတွေနဲ့လုပ်ငန်းခွင်ဝင်နေတဲ့ လူငယ်တွေ အနေနဲ့ Bussiness  English  ကိုပြောဆိုတဲ့အခါအခက်ခဲမရှိစေဖို့နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အလုပ်ကိုင် အခွင့်လမ်းတွေတိုးတက်ဖို့အတွက် Bussiness  English  ရဲ့အရေးပါမှုတွေကို “Bussiness English & Global Career Development” ခေါင်းစဉ်နဲ့မတ်လ (၁၉)ရက်နေ့ ကဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ဆွေးနွေးခဲ့ပါတယ်။ ဒီပွဲကိုတော့ NTU Alumni  (အလက်မနိုင်) Association Myanmar နဲ့ University Of Cambridge မှပူးပေါင်းကျင်းပတာပဲဖြစ်ပါတယ်။ဆွးနွေးပွဲမှာတော့ စီးပွားရေးနယ်ပယ်မှာသာမက ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် English စာကိုလွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက်သင်ကြားနိုင်ဖို့ အတွက်နည်းလမ်းတွေကိုပါ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် လက်တွေ့ လုပ်ငန်းခွင်အသီးသီးမှာ အတွေ့အကြုံရှိသူတွေကလည်း သူတို့ရဲ့အတွေ့ကြုံတွေနဲ့ business english ရဲ့အရေးပါပုံတွေကိုလည်း ပွဲတက်ရောက်တဲ့ လူငယ်တွေကို ဝေမျှခဲ့တယ်လို့သိရပါတယ်။ 

 

 

Related News