MCC Institute  ကျောင်းမှာဘွဲ့နဲ့ ဒီပလိုမာရရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေကို သင်တန်းဆင်းအောင်လက်မှတ်များကို ပွဲမတ်လ(၁၉)ရက်က ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံမှာ ပေးအပ်ခဲ့ပါတယ်။  MCC Institute   လက်အောက်မှာရှိတဲ့ ရတနာပုံ Campus ၊ ရန်ကုန်Campus ၊ မန္တလေး Campus  နဲ့ နေပြည်တော် Campus တို့မှာပညာသင်ကြားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံတကာအသိအမှတ်ပြုကွန်ပျူတာဘွဲ့သင်တန်းနဲ့ ဒီပလိုမာသင်တန်းတွေအတွက် သင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ (၂၀၁၅-၂၀၁၆)ပညာသင်နှစ်အတွက် ကျောင်းသား၊ကျောင်းသူဦးရေ(၄၀၀)ကျော်ကို အောင်လက်မှတ်ချီးမြှင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီပလိုမာသင်တန်းဆင်းအောင်လက်မှတ်ချီးမြှင့်ပွဲမှာတော့ ဒီပလိုမာရရှိတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့၊ ဘွဲ့လွန်ဒီပလိုမာရရှိတဲကျောင်းသားကျောင်းသူတွေကိုလည်း သင်တန်းဆင်း အောင်လက်မှတ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကမ်္ဘာတစ်ဝှမ်းမှာတတိယအဆင့်နဲ့ ထူးချွန်စွာအောင်မြင့်ခဲ့တဲ့ ကျောင်းသားတစ်ဦးကိုလည်း ဆုချီးမြှင့်ပေးခဲ့ပါတယ်။ MCC Institute   ကျောင်းကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြုကွန်ပျူတာသိပ်္ပံဘွဲ့သင်တန်းများ၊ စီးပွားရေး စီမံခန့်ခွဲမှုသင်တန်းများ၊ အင်ဂျင်နီယာဘွဲ့သင်တန်းများကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ 

 

 

Related News