Chess in School Seminar  အခမ်းအနားကို ဧပြီလ(၁)ရက်နေ့က ရန်ကုန်ပညာရေး တက္ကသိုလ်မှာပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ ပြည်ပမှ စစ်တုရင်ပညာရှင်များက စစ်တုရင်ကစားနည်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အသက် ၁၈ နှစ်အောက်ကျားမစစ်တုရင်ပြိုင်ပွဲ၊ အသက် ၁၆ နှစ်အောက် ကျားမစစ်တုရင်ပြိုင်ပွဲ၊ အသက်၁၄ နှစ်အောက်ကျားမစစ်တုရင်ပြိုင်ပွဲ၊ အသက် ၁၀ နှစ်အောက် ကျားမစစ်တုရင်ပြိုင်ပွဲများကိုလည်းထည့်သွင်းကျင်းပခဲ့ပါတယ်။  ဧပြီလ(၂)ရက်နေ့ကနေ (၆)ရက်နေ့အထိကျားမစစ်တုရင်ပြိုင်ပွဲများကို  ရန်ကုန်ပညာရေး တက်္ကသိုလ်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News