Huawei ကုမ္ပဏီက ဦးဆောင်ပြုလုပ်တဲ့ အနာဂတ်ရဲ့မျိုးဆက်များ အစီအစဉ်မိတ်ဆက်တဲ့ အခမ်းအနားကို ဧပြီလ(၆)ရက်က မြန်မာပလာဇာမှာရှိတဲ့ Huawei ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ သန်လျင်နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)တို့မှ ကျောင်းသား၊ ကျောင်းသူ(၁၀)ယောက်ကို တရုတ်နိုင်ငံကို ပညာတော်သင်စေလွှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ It နည်းပညာလေ့လာနေတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို It နည်းပညာတိုးတက်လာစေဖို့နဲ့ ပြည်ပကျောင်းသား၊ ကျောင်းသူတွေနဲ့ နည်းပညာ ဖလှယ်နိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

ပညာတော်သင်စေလွှတ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နှစ်စဉ်တက်္ကသိုလ်မှာ Top Ten ၀င်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရွေးချယ်ခဲ့တာဖြစ်ပြီး ပညာတော်သင်က ပြန်ရောက်ရင်တော့ နည်းပညာအသစ်တွေ သိရှိရမှာဖြစ်တဲ့အတွက် အကျိုးကျေးဇူးရရှိနိုင်တယ်လို့ ပြောပါတယ်။ ဧပြီ(၇)ရက်နေ့မှာတော့ တရုတ်နိုင်ငံကို ပညာတော်သင် (၂)ပတ်ကြာ စေလွှတ်သွားမယ်လို့ သိရပါတယ်။ ဒီ(၂)ပတ်မှာတော့ တရုတ်နိုင်ငံမှာရှိတဲ့ Huawei ကုမ္ပဏီကိုသွားရောက် လေ့လာရမှာဖြစ်ပြီးံHuawei ကုမ္ပဏီအနေနဲ့ အခုလို စီစဉ်ပြုလုပ်တာ ပြည်တွင်းမှာ ပထမအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

Related News