၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့တဲ့ နယ်စပ်ဒေသမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ပထမအကြိမ်ဂုဏ်ပြုပွဲနဲ့ပညာရည်မြှင့်တင်ပွဲကို ဇူလိုင်လ(၁)ရက်က လှည်းကူးမြို့နယ် ကမ်းနီကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။လှည်းကူးမြို့နယ် ကမ်းနီကျေးရွာမှာရှိတဲ့ ဘုရားသုံးဆူတောင်၊ သာသနာပြုပရဟိတကျောင်းမှာ နယ်စပ်ဒေသမှ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူတွေကို  အခမဲ့စာသင်ကြားပေးနေတာ ဖြစ်ပါတယ်။ ဒီအခမဲ့ပညာဒါနကျောင်းမှာတော့ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူတွေကို အဓိကထားသင်ကြားပေးနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကျောင်းမှာ  (၂၀၁၇)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့တဲ့ကျောင်းသားကျောင်းသူ(၂၄)ယောက်ထဲမှာ (၁၄)ယောက်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ 
 
နယ်စပ်ဒေသကနေ တက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ(၁၄)ယောက်ကို ပထမဆုံးအကြိမ်ဂုဏ်ပြုပွဲကို EMP  ဆေးကုမ္ပဏီက ချီးမြှင့်ပေးခဲ့တာ ဖြစ်ပြီး  အခုတက်ရောက်နေတဲ့တက္ကသိုလ်ဝင် တန်းကျောင်းသားကျောင်းသူတွေ အတွက်ကိုလည်း စားဝတ်နေရေးတွေကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
 
လှည်းကူးမြို့နယ် ကမ်းနီကျေးရွာမှာရှိတဲ့ ဘုရားသုံးဆူတောင်၊ သာသနာပြုပရဟိတကျောင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ နယ်စပ်ဒေသတွေမှာ ပညာဒါနတွေကို အခမဲ့သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ 
 
 

Related News