ကျောက်စာပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်ပြီး  ကျောက်စာ သင်တန်းကို အမှတ်စဉ်(၅) ရန်ကုန်မြို့(၆)မိုင်ခွဲရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှာ သင်ကြားပေးနေပါတယ်။ ကျောက်စာသင်တန်းကိုတော့ ဇွန်လ(၁)ရက်ကနေ့မှ  သြဂုတ်လကုန်အထိ သင်ကြား ပေးသွားမှာဖြစ်ပြီး တက္ကသိုလ်အသီးသီးက ဆရာ၊ ဆရာမတွေနဲ့ ကျောက်စာပညာရပ်ကို စိတ်ဝင်စားသူတွေ လာတက်ရောက်ကြပါတယ်။ ကျောက်စာသင်တန်းမှာ ပျူကျောက်စာ၊ မွန်ကျောက်စာနဲ့ မြန်မာကျောက်စာတွေကို အခြေခံ၊ အလယ်အလတ်နဲ့ အဆင့်မြင့် အဆင့်ဆိုပြီး ခွဲခြားသင်ကြား ပို့ချပေးနေတာ ဖြစ်တယ်လို့သိရပါတယ်။
 
သင်တန်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)ဦးစိန်ဝင်းက သင်ကြားပေး နေတာ ဖြစ်ပါတယ်။ဒီလိုသင်ကြားရတာဟာ တက္ကသိုလ်တွေမှာ သင်ကြားမှုအတွက် အထောက်အပံ့ ဖြစ်စေနိုင် သလို ကျောက်စာပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။သင်တန်းကိုတော့ တနင်္လာနေ့မှ သောကြာနေ့အထိ မနက်(၉)နာရီမှ ညနေ(၃)နာရီအထိ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ကျောက်စာသင်တန်းကို အခမဲ့သင်ကြားပေးနေတာ ဖြစ်ပြီး အခုအမှတ်စဉ်(၅)သင်တန်းမှာ သင်တန်းသား၊ သင်တန်းသူ(၃၇)ဦး တက်ရောက် သင်ကြား နေပါတယ်။ ကျောက်စာသင်တန်းတွေကို (၂၀၁၃)ခုနှစ်ကစတင်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News