ICT နယ်ပယ်မှ အလုပ်အကိုင်အခွင့်အလမ်းများဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၉ရက်က ရန်ကုန်မြို့ MICT Park Conference Hall မှာပြုလုပ်ခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (MCPA Yangon) ကအိုင်တီနည်းပညာနဲ့ ပတ်သက်တဲ့ ဆွေးနွေး ဟောပြောပွဲတွေကိုပြုလုပ်ပေးနေတာဖြစ်ပြီး အခုဟောပြောပွဲကိုတော့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေနဲ့ အိုင်စီတီ နယ်ပယ်ကိုစိတ်ပါဝင်စားတဲ့လူငယ်တွေကို ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့သိရပါတယ်။

ယနေ့ခေတ်ကာလာမှာ ကွန်ပျူတာ နည်းပညာများ ဟာတစ်နေ့တစ်ခြားဖွံဖြိုး တိုးတက်လာတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အိုင်တီ နည်းပညာတွေအခြခံတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေလည်းများပြားလာတာဖြစ်ပါတယ်။ ဒါ့အပြင် အိုင်တီနဲ့ ပတ်သက်တဲ့ အလုပ်ကိုင် အခွင့်အလမ်းတွေလည်း ပိုမိုများပြားလာတာကြောင့် အိုင်တီပညာကိုလေ့လာနေသူတွေ စိတ်ပါဝင်စား သူတွေအနေနဲ့ အိုင်တီပညာရပ်တွေကို လေ့လာဖို့လိုအပ်တယ်လို့ ပြောပါတယ်။

ဒီဟောပြောပွဲကို ICT နယ်ပယ်မှပညာရှင်များက ဟောပြောတာတွေပြုလုပ်ခဲ့တဲ့အပြင် လုပ်ငန်းနယ်ပယ်အသီးသီးမှပညာရှင်တွေက  လူငယ်တွေအတွက် ICT နယ်ပယ်မှအလုပ်ကိုင် အခွင့်အလမ်းများခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။ 

 

Related News