မိတ်္ထီလာမြို့က မြန်မာနိုင်ငံလေကြောင်းနှင့် အကာသပညာတက္ကသိုလ်မှာ တရုတ်နိုင်ငံက ဆောက်လုပ် လှူဒါန်းခဲ့တဲ့ တရုတ်-မြန်မာချစ်ကြည်ရေးတက္ကသိုလ်အဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ(၁၁)ရက်က ပြုလုပ်ခဲ့ပါတယ်။ အခုလွှဲပြောင်းတက္ကသိုလ်အဆောင်ဟာ RC  နှစ်ထပ်အဆောက်အဦးအမျိုးအစားဖြစ်ပြီး လူဦးရေ(၁၉၂)ဦးဆံ့တဲ့ အဆောက်အဦးဖြစ်တယ်လို့ သိရပါတယ်။ ဒီအဆောင်ကို အနယ်နယ် အရပ်ရပ်က ကျောင်းလာတက်နေတဲ့ ကျောင်းသူများအဆင်ပြေစေဖို့အတွက် ကျောင်းသူ အိပ်ဆောင်အဖြစ် အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူ(၅၅၀)ဦး တက်ရောက် ပညာသင်ကြားနေတယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ အင်ဂျင်နီယာအထူးပြု ဘာသာရပ်(၅)မျိုးနဲ့ ဘွဲ့လွန်ဒီပလိုမာသင်တန်းတစ်ခုကို ဖွင့်လှစ်သင်ကြား ပေးနေတယ်လို့ သိရပါတယ်။ ဒီအခမ်းအနားကို  ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
 
 

Related News