ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံနဲ့ပင်းတယမြို့နယ်တို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူအယောက်(၅၀)အတွက် လေ့လာရေးခရီးစဉ်ကို Forver Group ကနေ စီစဉ်ပေးထားတာဖြစ်ပြီး ဒီကနေ့စက်တင်ဘာလ(၂၇)ရက်နေ့မှာတော့ Junction City နဲ့ Forver Group ရဲ့ Talent Center တွေကို သွားရောက်ခဲ့ပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကရွာငံနဲ့ ပင်းတယမြို့နယ်တို့မှ  တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့ ကျောင်းသားကျောင်းသူတွေအတွက် လေ့လာရေးခရီးစဉ်အဖြစ် စက်တင်ဘာလ(၂၅)ရက်ကနေ (၂၈)ရက်အထိ  Forever Group ရဲ့ လုပ်ငန်းလည်ပတ်ပုံတွေ လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကျောင်းသားကျောင်းသူတွေကို Forever Group ကနေ ဇွန်လ(၁၉)ရက်မှစပြီး အခြေခံအင်္ဂလိပ်စာစကားပြောနဲ့ ကွန်ပျူတာသင်တန်းတွေအပြင် Success Training  တွေကိုပါ သုံးလတာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။
 
စက်တင်ဘာ(၂၇)ရက်မှာတော့ လေ့လာရေးခရီးစဉ်အနေနဲ့ Junction City မှာ The Great Myanmar ရုပ်ရှင်ကြည့်ကာ Junction City မှာပဲ လေ့လာရင်းဈေးဝယ်ထွက်ပြီး နေ့လည်ပိုင်းမှာတော့ Forver Group ရဲ့  Talent Center မှာလေ့လာပြီး သရုပ်ဆောင်များနဲ့ အမှတ်တရဓါတ်ပုံရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံနဲ့ပင်းတယမြို့နယ်တို့မှ  ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ဒီလေ့လာရေးခရီးစဉ်ကို ပထမအကြိမ်လာရောက် လေ့လာခွင့်ရတာဖြစ်ပြီး လေ့လာခဲ့ရတဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေနဲ့ မိမိတို့ကြည့်ရှု့ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းအကြောင်းတွေလည်း ပြောပြခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတွေအနေနဲ့ ဒီနေ့စက်တင်ဘာလ(၂၇)ရက်ရဲ့လေ့လာရေးခရီးစဉ်မှာ တော့ Junction City နဲ့  Talent Center  ကိုသွားရောက်ခဲ့ပြီး ညနေပိုင်းမှာတော့ Forever Group မှ တာဝန်ရှိသူများနဲ့အတူ ညစာစားပွဲဖြင့် ဧည့်ခံပြီး စက်တင်ဘာ(၂၈)ရက် မနက်ပိုင်းမှာတော့ ကျောင်းသား၊ ကျောင်းသူများအားလုံး ပင်းတယနဲ့ရွာငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့ သိရပါတယ်။  
 
 

Related News