Star Hospitality And Bussiness Management Academy ဟိုတယ်သင်တန်းကျောင်းမှ ဟိုတယ်ဝန်ဆောင်မှုပညာရပ်ဆိုင်ရာသင်တန်းများရဲ့ သင်တန်းဆင်းပွဲကို အောက်တိုဘာ (၁)ရက်နေ့က ရန်ကုန်မြို့ရှိ Lotte Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဟိုတယ်ခရီးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့အသိအမှတ်ပြု Training Center (၁)ခုဖြစ်တဲ့ Star Hospitality And Bussiness Management Academy 
သင်တန်းကျောင်းဆင်းပွဲမှာ သက်ဆိုင်ရာဘာသာရပ်အလိုက်အတန်းအသီးသီးမှ အထူချွန်ဆုံး သင်တန်းသူ၊ သင်တန်းသားအယောက်(၁၀၅၈)ဦးခန့်ကို သက်ဆိုင်ရာဘာသာရပ်အလိုက် သင်တန်းနည်းပြများမှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါတယ်။
 
အဆိုပါသင်တန်းကျောင်းကို (၂၀၁၅)ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကို စိတ်ဝင်စားတဲ့လူငယ်တွေကို နိုင်ငံတကာမှသင်ရိုးများအတိုင်း ပညာရရှိစေဖို့လူငယ်များရဲ့ အလုပ်အကိုင်ရရှိရေးနဲ့အခွင့်အလမ်းကောင်းများ ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘာသာရပ်ပေါင်း(၂၀)ကိုသင်ကြားသင်ကြားပို့ချပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ Star Hospitality And Bussiness Management Academy ဟိုတယ်သင်တန်းကျောင်းမှာ ပြည်တွင်းလုပ်ငန်းအတွေ့အကြုံရရှိရေးအတွက်ဟိုတယ်ကြီးများမှာ သက်ဆိုင်ရာအလိုက် Trainingဆင်းနိုင်အောင်စီစဉ်ပေးခြင်း၊ ပြည်တွင်းဟိုတယ်ကြီးများ၊ စာသောက်ဆိုင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများစီစဉ်ပေးခြင်း၊ ပြည်ပဟိုတယ်များ၊ အပျော်စီးသင်္ဘောများ လေကြောင်းလိုင်များတွင် အလုပ်အကိုင်ရရှိအောင် ဆက်စပ်ဆောင်ရွက်ပေးခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးလျက် ရှိတယ်လို့ သိရပါတယ်။ 
 
 

Related News