နိုင်ငံတကာစံချိန်စံညွှန်ညီ ဖမ်းဆီးနည်းသင်တန်းကို ဒီနှစ် နှစ်စကနေ အောက်တိုဘာ လ၀က်ထိ(၁၀)လတာအတွင်း တိုင်းရဲတပ်ဖွဲ့ဝင်(၈၀၀)ထိ သင်ကြားပေးထားပြီးတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြောကြားပါတယ်။ 
ဥပဒေပြင်ပပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အခါ လူအခွင့်အရေးချိုးဖောက်တာ မရှိစေဘဲ နိုင်ငံတကာနည်းတူစနစ်တကျ ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ ဖမ်းဆီးနည်းသင်တန်းကို ဥရောပသမဂ္ဂနဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ပူပေါင်းကာ ၂၀၁၄ခုနှစ်ကတည်က စတင်သင်ကြားပေးခဲ့တာလဲဖြစ်ပါတယ်။
 
ယခုဆိုတိုင်းရဲတပ်ဖွဲ့က သင်တန်းနည်းပြတွေကနေတဆင့် ဆင့်ပွားသင်တန်းတွေပေးနေပြီး ဒီတစ်ကြိမ်ကတော့ ဒီနှစ်အတွင်း (၈)ကြိမ်မြောက် ဖမ်းဆီးနည်း ဆင့်ပွားသင်တန်း သင်တန်းဆင်းပွဲ ပဲဖြစ်ပါတယ်။ ဒီသင်တန်း အပါဝင် ၂၀၁၇ခုနှစ် နှစ်စကနေ  လက်ရှိချိန်ထိ တိုင်းရဲတပ်ဖွဲ့ဝင်စုစုပေါင်း (၈၀၀)ကို သင်ကြားပေးပြီးဖြစ်တယ်လို့လဲ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
 
ဖမ်းဆီးနည်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၈။၂၀၁၇)မှာတော့ တပ်ဖွဲ့ဝင်(၁၀၀)ကို သင်ကြားပေးခဲ့ပြီး ဒီသင်တန်းဆင်ပွဲကို အောက်တိုဘာ(၁၃)ရက်က ပြုလုပ်တာဖြစ်ပါတယ်။ သင်တန်းမှာ ဥပဒေပြင်ပပြစ်မှုကျူး လွန်သူတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အခါ တပ်ဖွဲ့ဝင်(၂)ဦး ကစလို့(၅)ဦးထိ ပူးပေါင်းဖမ်းဆီးတဲ့နည်းစနစ်တွေကို သင်ကြားပေးခဲ့တာဖြစ်တယ်လို့လဲ သိရပါတယ်။
 
ခရိုင်ရဲတပ်ဖွဲ့တွေမှာလဲခုလိုဆင့်ပွားသင်တန်းတွေပေးနိုင်ဖို့ ဖမ်းဆီးနည်း နည်းပြသင်တန်းတွေကို တိုင်းရဲတပ်ဖွဲ့ရုံးမှာ ဖွင့်လှစ်သင်ကြားပေးခဲ့တာလဲ ဖြစ်ပါတယ်။ လက်ရှိ ခရိုင်(၄)ခရိုင်နဲ့တိုင်းရုံးတို့မှာ (၅)နေရာခွဲကာ ဆင့်ပွားသင်းတန်းတွေ ဖွင့်လှစ်ပေးနိုင်ပြီးလို့လဲသိရပါတယ်။
 
 
 

Related News