ပညာရေးဝန်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးက စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ဆရာ၊ ဆရာမတွေကို ရွေးချယ်ပြီး ရန်ကုန်မြို့မှာ အောက်တိုဘာ ၂၃ရက်နေ့ကနေ ၂၈ရက် နေ့အထိ မူလတန်းနဲ့ အလယ်တန်း အဆင့် စာမေးပွဲဆိုင်ရာ သင်တန်းကိုပေးနေပါ တယ်။
 
ဒီသင်တန်းကိုတက်ရောက်လာတဲ့ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံစဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေးခွန်းမမှားဖို့နှင့်မေးခွန်းမပေါက်ကြားဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ မေးခွန်းမှားတာတွေ တွေ့မြင်နေရပြီး မမှားသင့်တဲ့အမှားတွေလည်းရှိနေလို့ ဆရာ၊ ဆရာမတွေ အနေနဲ့ မေးခွန်းထုတ်ရာမှာ မမှားစေဖို့သေချာဂရုစိုက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ မေးခွန်းအပြင်မပေါက်ကြား စေဖို့နဲ့စာမေးပွဲမသမာမှုတွေမဖြစ်ပေါ်ဖို့လည်း မှာကြားခဲ့ပါသေးတယ်။
 
ဒါ့အပြင် ဆရာဆရာမတွေအနေနဲ့ မိမိရဲ့ ကျောင်း ၊ အတန်းနဲ့ကလေးတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့စံနှုန်း တစ်ခုပြည့်မီ ရေးအတွက်ထက်ပကတိ အချက်အလက်စာရင်းဇယားတွေ ပြုစုပေးကြဖို့လည်း တိုက်တွန်းသွားပါတယ်။မြန်မာနိုင်ငံဟာ လက်ရှိ ကျောင်းထွက်နှုန်းမြင့်မားတဲ့နိုင်ငံတွေထဲမှာပါဝင်ပြီး ဒါကိုလျှော့ချဖို့ ၀ိုင်းဝန်း လုပ်ဆောင်ကြရမယ်လို့ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ မူလတန်းကနေတွက်ရင် လက်ရှိမှာတော့ (၇၅)ရာခိုင်နှုန်းသာ စတုတ္ထတန်း ကိုရောက်ရှိနေပြီး အဋ္ဌမတန်းအရောက်မှာတော့ (၅၅)ရာခိုင်နှုန်းသာ ကျန်ရှိတော့ တယ်လို့သိရပါတယ်။
 
ကျောင်းထွက်နှုန်းမြင့်နေသလို သင်ယူတတ်မြောက်မှုနှုန်းတိုးဖို့လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ကိုကြည့် ရင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စတုတ္ထတန်းမှာ A အဆင့်နဲ့အောင်မြင်သူ (၃၀)ရာခိုင်နှုန်းရှိပြီး အထူးဂရုစိုက်ရမယ့် C အဆင့်က (၃၀)ရာခိုင်နှုန်း ပါဝင်ခဲ့ပေမယ့် အဋ္ဌမတန်းမှာတော့ A အဆင့်အောင်မြင်သူ (၅)ရာခိုင်နှုန်းသာရှိခဲ့ပြီး အထူးဂရုစိုက် ရမယ့် C အဆင့်ကတော့ (၇၅)ရာခိုင်နှုန်းအထိရှိတယ်လို့သိရပါတယ်။လက်ရှိ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာတော့ တစ်နိုင်ငံလုံးမှာ စတုတ္ထတန်း Grade 5  မှာ ကျောင်းသား (၉)သိန်းကျော် ပညာသင်ကြားနေပြီး အဋ္ဌမတန်း Grade 9  မှာတော့ ကျောင်သား (၆)သိန်းကျော်ပညာသင်ကြားနေပါတယ်။
 
 

Related News