Lumbini Academy  မှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းသားကျောင်းသူတွေရဲ့ Science & Art Fair  ကို အောက်တိုဘာလ(၂၈)ရက်က သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ Lumbini Academy(လုမ္ဗိနီ)ရဲ့ ပင်မဆောင်နှင့်ပျားအုံဆောင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီ၊ ကာတွန်းနဲ့ စာတိုစာရှည်များကို နံရံကပ် စာစောင်အဖြစ် ပြသခဲ့တာဖြစ်ပြီး စာသင်ခန်းမှသင်ယူထားတဲ့ ဘာသာရပ်ဆိုင်ရာ ဗဟုသုတများကို သိပ်္ပံစမ်းသပ်ချက်အဖြစ် တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
 
ကျောင်းသားကျောင်းသူတွေရဲ့လုပ်ဆောင်ချက်များကို အခုလို ပြုလုပ်ပေးခြင်းကြောင့် သုတေသနလုပ်ငန်းဆိုင်ရာတွေကို အသုံးချခြင်းဖြင့် ကျွမ်းကျင်မှုများတိုတက်လာစေဖို့၊ ဆက်သွယ် ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကျွမ်းကျင်မှုများဖွံ့ဖြိုးနိုင်စေဖို့နဲ့ အခြားဘာသာရပ် ဆိုင်ရာများမှ ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကိုတိုးတက်လာနိုင်ဖို့ အစရှိတဲ့ အကျိုးကျေးဇူးများ ရရှိစေနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
 
Lumbini Academy (လုမ္ဗိနီ)မှာတော့ မြန်မာ၊ အင်္ဂလိပ်၊ သချာင်္၊ သိပ်္ပံနှင့် ၀ိဇ္ဇာစတဲ့ ဘာသာရပ်အစုံကို (မြန်မာ-အင်္ဂလိပ်)နှစ်ဘာသာနဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ အစိုးရစာသင်ကျောင်းများနဲ့ နိုင်ငံခြားကျောင်းများကိုပြောင်းရွှေ့လိုရင်လည်း အဆင်သင့်ဖြစ်ကာ မိခင်ဘာသာဖြစ်တဲ့ မြန်မာစကားနှင့်ယဉ်ကျေးမှုကိုလည်း ကျွမ်းဝင်ချစ်ခင်စေဖို့ အဓိကထား သင်ကြားပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
 

Related News