မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ(၇)ကြိမ်မြောက်ပြုလုပ်ကျင်းပတဲ့ Developer Conference 2017 Yangon  အခမ်းအနားကို ရန်ကုန်မြို့ MICT Park မှာ နိုဝင်ဘာလ(၁၈)ရက်ကနေ (၁၉)ရက်ထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီပွဲမှာမြန်မာနိုင်ငံမှာရှိတဲ့  Developer  များနှင့် IT လောကမှ ပညာရှင်များ တွေ့ဆုံဖလှယ်သွားမှာဖြစ်ပြီး၊ ကျောင်းသားလူငယ်များ၊ ITလောကသားများ နှင့် ၀ါသနာရှင်များအတွက် အသိပညာဗဟုသုတများရရှိစေမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့  မြန်မာနိုင်ငံမှ Developer များနှင့် ကွန်ပျူတာပညာရှင်များမှ သက်ဆိုင်ရာ အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပြီး မိမိစိတ်ဝင်စားတဲ့ Topic အတွက် ပါဝင်သွားနိုင်တဲ့ အခမ်းအနားလည်းဖြစ်ပါတယ်။

အဆိုပါ Developer Conference 2017 Yangon ဖွင့်ပွဲနှင့်အတူ ကွန်ပျူတာပညာရှင်များ အတွက် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း(MCPA)နှင့်Myanmar Certified Training Centers(MCTC) တို့ နားလည်မှုစာချွန်လွှာ (MOU) တစ်စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ ကြတယ်လို့ သိရပါတယ်။ 

 

 

Related News