RC2 လို့လူသိများပြီး ပြန်လည်ဖွင့်လှစ်လိုက်တဲ့  ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ၀ိဇ္ဖာ။ သိပ္ပံဘာသာရပ်(၂၅)ခုကို ဖွင့်လှစ်သင်ကြားနေတယ်လို့ သိရပါတယ်။ ရန်ကုန်တက္ကသိုလ် က ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပထမပညာသင်ကြား ကာလ (၄လ) ကို ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)မှာ ဘာသာရပ် (၂၅)ခုကို ဒီဇင်ဘာ ၄ ရက်က စတင်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းသားကျောင်းသူ(၁၄၀၀)ကျော် တက်ရောက် သင်ကြားလျက်ရှိပါတယ်။ သင်ကြားပေးနေတဲ့ ဘာသာရပ် (၂၅) ခုမှာတော့ ၀ိဇ္ဖာ ဘာသာရပ် (၁၅)ခုနှင့် သိပ္ပံဘာသာရပ် (၁၀) ခုကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။
 
လက်ရှိ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)အတွင်း စာသင်ကြားနိုင်ရန် စာသင်ခန်း (၄၁) ခန်း နှင့် သီရေတာ (၉)ခုကို သင်ကြားနိုင်ရန် ပြင်ဆင်ထားပြီး အရင်ရှိပြီးသား သုံးထပ်ကျောင်းဆောင်တွေကိုတော့ ရန်ကုန်တက္ကသိုလ် အနေနဲ့ လက်ခံရယူထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ သိပ္ပံ ဘာသာရပ်ကို သင်ယူကြမည့် ကျောင်းသားကျောင်းသူတွေ အနေနဲ့ ဘာသာရပ် သင်ကြားတာတွေကျွိုဃ ၂ မှာ ပြုလုပ်ရမှာ ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်(ပင်မ)မှာတော့ တပတ်ကို ၁ ရက် ဓါတ်ခွဲခန်းတွေ လက်တွေ့လေ့လာ ပြုလုပ်ရမှာဖြစ်ပါတယ်။
 
ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ နယ်က ကျောင်းသား ကျောင်သူတွေအတွက်လည်း ရန်ကုန်တက်္ကသိုလ်(လှိုင်နယ်မြေ)အတွင်းက အင်ကြင်းဆောင်နှင့် ကံကော်ဆောင်တွေရဲ့ရှေ့မှာ ကျောင်းသားများအတွက် ကေတုမတီဆောင်၊ ကျောင်းသူများအတွက် မြတ်လေးဆောင်တို့ကို ခုနှစ်ထပ်ကျောင်းဆောင်းတွေ တည်ဆောက်ပေးထားပြီး နေထိုင်နေကြပြီလည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေမှာ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းမှ ပြန်လည်လွှဲပြောင်းခဲ့ပြီး ပြင်ဆင်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
 

Related News