စက်မှုလက်မှုအထက်တန်းကျောင်းအမှတ် (၂)၊ ရန်ကုန်(ဘောင်ဒရီ)ရဲ့ နှစ်(၅၀)ပြည့်ရွှေရတု အခမ်းအနားနဲ့ မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို ဇန်န၀ါရီလ(၇)ရက်မှာ ဗဟန်းမြို့နယ်ရှိ စက်မှုလက်မှုအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။စက်မှုလက်မှုအထက်တန်းကျောင်းသား၊ ကျောင်းသူများအနေနဲ့ မြတ်ဆရာပူဇော်ပွဲကို (၁၃)ကြိမ်မြောက် အဖြစ်ကျင်းပတာဖြစ်ပြီး ကန်တော့ခံဆရာ၊ ဆရာမ(၅၇)ယောက်ကိုကန်တော့ ပစ္စည်းများ၊ ငွေသားများဖြင့် ပူဇော်ကန်တော့ခဲ့ကြပါတယ်။(၁၃)ကြိမ်မြောက်အဖြစ် ပူဇော်ကန်တော့ ခဲ့ကြပေမယ့် စက်မှု၊ လက်မှုအထက်တန်းကျောင်းအမှတ် (၂)၊ရန်ကုန်(ဘောင်ဒရီ)ကျောင်းမှာ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခွင့်ရခဲ့တာလို့သိရပါတယ်။
 
ကန်တော့ခံ ဆရာ၊ ဆရာမများကိုတော့ ဒီနှစ်သီရိလင်္ကာနိုင်ငံကို အလည်အပတ်ခရီးစဉ်အဖြစ်ပို့ဆောင်ပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် စက်မှုလက်မှုအထက်တန်းကျောင်းအမှတ်(၂)၊ ရန်ကုန်(ဘောင်ဒရီ)ရဲ့ နှစ်(၅၀)ပြည့် ရွှေရတု အခမ်းအနားအဖြစ် ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ကြပြီး တက်ရောက်လာကြတဲ့ကျောင်းသား၊ ကျောင်းသူဟောင်းများကို ဆုမဲများဖောက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။စက်မှုလက်မှုအထက်တန်းကျောင်းအမှတ် (၂)၊ ရန်ကုန်(ဘောင်ဒရီ)ကို (၁၉၆၈)ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး (၁၉၉၈)ခုနှစ်မှာ ရပ်နားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
 
 

Related News