မြန်မာနိုင်ငံတစ်ဝန်း (၂၀၁၈)ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ကို ဒီကနေ့ မတ်လ(၇)နေ့မှာ စတင်ဖြေဆိုနေကြပြီဖြစ်တယ်။ဒီကနေ့မှာတော့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြပြီဖြစ်ပါတယ်။ နံနံက်ကိုးနာရီ စတင်ဖြေဆိုရမှာဖြစ်ပေမယ့် ပထဆုံးဖြေဆိုရမယ့်နေ့ဖြစ်တာကြောင့် နံနက်ရှစ်နာရီဝန်းကျင်လောက် ကတည်းက ကျောင်းသားကျောင်းသူများနဲ့ မိဘများက ကျောင်းရှေ့ဝန်းကျင်မှာ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုရမယ့် အထက(၁) စမ်းချောင်းရှေ့မှာတော့ ယာဉ်ကြောကြပ်တည်းမှု မရှိစေရေးနဲ့ နယ်မြေလုံခြုံရေးအတွက် မုန့်လက်ဆောင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးကသက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး  စီစဉ်ဆောင်ရွက်ထားပုံကို အခုလိုပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၁၈ ခုနှစ်တက်္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့အတွက် ပြင်ပဖြေအပါအ၀င် ကျောင်းသားကျောင်းသု စုစုပေါင်း ရှစ်သိန်းလေးသောင်းကျော် စာရင်းပေးထားပါတယ်။

စာစစ်ဌာနပေါင်း (၁၇၄၂)ခုရှိပြီး နိုင်ငံခြားစာစစ်ဌာန (၂၁)ခုပါဝင်တယ်လို့ သိရပါတယ်။ ဖြေဆိုမယ့် ကျောင်းသားကျောင်းသု ဦးရေမှာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ရှစ်သောင်းဝန်းကျင် တိုးလာတယ်လို့ သိရပါတယ်။

 

 

 

Related News