နွေရာသီကျောင်းပိတ်ရက်မှာတက်ရောက်သင်ကြားရတဲ့ နွေရာသီပညာဒါနသင်တန်းတွေကို ကလေးတွေ တက်ရောက်ပညာသင်ကြားမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးများပြားလာတယ်လို့ သိရပါတယ်။မောင်လင်းပြည့်ပိုင်ဟာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၅)ရပ်ကွက်၊ ကြေးတိုင်လမ်းမှာ မိသားစုနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဒုတိယတန်းမှာတက်ရောက် ပညာသင်ကြားနေသူပါ။   အရင်နှစ်ကနွေရာသီအားလပ်ရက်မှာ ယဉ်ကျေးလိမ္မာ သင်တန်းလောက်သာတက်ဖြစ်ခဲ့တဲ့ မောင်(လင်းပြည့်ပိုင်)အနေနဲ့ ဒုတိယတန်း စာမေးပွဲဖြေပြီးချိန် အခုနှစ်နွေရာသီ အားလပ်ရက်မှာတော့ အနာဂါတ်ဘ၀ရပ်တည်မှုအတွက် အားလပ်ရက်တွေကိုအကျိုးရှိရှိ အသုးံချနိင်ဖို့ အင်္ဂလိပ်စာပညာဒါန သင်တန်းကို တက်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုနွေရာသီပညာဒါနသင်တန်းတွေကိုမိဘတွေအနေနဲ့လည်း စိတ်ဝင်စားမူများပြားလာပြီး ကလေးတွေအတွက် အများကြီးအကျိုးရှိလာတယ်လို့ မောင်လင်းပြည့်ပိုင်ရဲ့မိခင်ဖြစ်သူ မနွေးနွေးစန်း ကအခုလိုပြောပါတယ်။မောင်လင်းပြည့်ပိုင်ဟာ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာရှိတဲ့ သုခအလင်းပညာဒါန သင်တန်းမှာ အင်္ဂလိပ်စာနဲ့သင်္ချာကို တက်ရောက်သင်ကြားနေတာလည်းဖြစ်ပါတယ်။ သုခအလင်း ပညာဒါန သင်တန်းတွေကိုနွေရာသီမှာ ကလေးငယ်တွေအနေနဲ့ အချိန်ကို စနစ်တကျအသုးံချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ (၂၀၀၀)ခုနှစ်ခန့်မှစတင်ပြီး အင်္ဂလိပ်စာ၊ပန်းချီစတဲ့ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။အဲဒီ့နောက်မှာတော့ တစ်နှစ်ထက်တစ်နှစ်မိဘတွေ စိတ်ဝင်စားမှုမြင့်တက်လာတဲ့အတွက် အခုလက်ရှိမှာ အင်္ဂလိပ်စာအခြေခံ အရေးအဖတ်အပြောအပြင် တိုက်ကွမ်ဒို၊ဂျူဒိုစတဲ့ ကိုယ်ခံပညာတွေကိုပါ သင်ကြားပေးနေပါတယ်။သုခအလင်းပညာဒါနကျောင်းမှာနွေရာသီပညာဒါနသင်တန်းတွေကိုသင်တန်းဆရာ (၂၀)ခန့်နဲ့ ပညာသင်ကြားပေးနေပါတယ်။

အင်္ဂလိပ်စာသင်တန်းကို တက်ရောက်သင်ကြားကြတာများပြီး ကလေးတွေဘာသာစကားကျွမ်းကျင်မှုရှိစေဖို့နဲ့ အချင်းချင်းစုပေါင်းလုပ်ဆောင် တတ်အောင်သင်ကြား ပေးနေတယ်လို့သိရပါတယ်။သုခအလင်းပညာဒါနသင်တန်းကျောင်းအနေနဲ့နွေရာသီပညာဒါနသင်တန်းတွေကို သင်တန်း အမျိုးအစားအလိုက်နေ့စဉ်ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်းအမျိုးအစား စုစုပေါင်း(၁၂)ခုကို သင်တန်းသား (၆၀၀)ခန့်တက်ရောက်နေတယ်လို့သိရပါတယ်။

 

 

Related News