ပုည၀ဍ္ဎုနလူငယ်ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအဖွဲ့က ဗုဒ္ဓဘာသာအခမဲ့မူကြိုကျောင်းများဖွင့်လှစ် သင်ကြားပေးနေတယ်လို့  မတ်လ (၂၁)ရက်က ဒလမြို့မှာရှိတဲ့ သီရိဇေယျာနောင် ခန်းမမှာ ပြုလုပ်တဲ့ စုံညီပွဲ၊ ကျောင်းဆင်းပွနဲ့(၅)နှစ်ပြည့်အခမ်းအနားမှ သိရပါတယ်။ပုည၀ဍ္ဎုနလူငယ်ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းကို ၂၀၁၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး အခုဆိုရင် (၅)နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ ဒီလူငယ်အသင်းက အခမဲ့မူကြိုကျောင်းများ တည်ထောင်ပြီး သင်ကြားပေးရုံသာမကပဲ အမျိုးသမီးတွေအတွက် ဇာထိုးပန်ထိုး လက်မှုပညာများ၊ စက်ချုပ်တဲ့ပညာများ အမျိုးသမီးတို့ သိသင့်သိထိုက်တဲ့ပညာရပ်များအပြင် ၊ အဘိုးအဘွားတွေ အတွက်ဓမ္မသင်တန်းများဖွင့်ပေးပြီး သင်ကြားပေးနေ တာလည်းဖြစ်ပါတယ်။

ပုည၀ဍ္ဎုနလူငယ်ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းက အခမဲ့မူကြိုကျောင်းကို တက်ရောက်ခဲ့တဲ့ ကလေးငယ်များအား သင်တန်းဆင်းလက်မှတ်များပေးခဲ့ပါတယ်။ ပုည၀ဍ္ဎုနအသင်းက ရှေ့ဆက်ပြီး တော့ ပရဟိတသင်တန်းများနဲ့ အခမဲ့မူကြိုကျောင်းများကိုလည်း ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ ဆက်လက်ဖွင့်ကြားသွားမှာဖြစ်ပြီး မြန်မာ့အမျိုးသမီးများ ဖွံဖြိုးတိုးတက်ဖို့အတွက် လက်မှုပညာများ အပြင် တခြားသောကဏ္ဍများလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ပုည၀ဍ္ဎုနလူငယ်ဖွံ့ဖြိုးတိုးတက်ရေးပရဟိတအသင်းက ဒလမြို့နယ်မှာ အခမဲ့ မူကြိုကျောင်း (၉)ကျောင်းဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ 

 

 

Related News