အလင်းပြကောင်းကင် ပရဟိတအဖွဲ့က ဒီဇိုင်နာသင်တန်းကို မတ်လလဆန်းက သင်္ဃန်းကျွန်း မြို့နယ်ဓမ္မ၀ိဟာရဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ အခမဲ့စတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒီသင်တန်းကို စက်ချုပ်ပညာ စိတ်ဝင်စားပြီး စက်ချုပ်အခြေခံရှိတဲ့ လူတိုင်း တက်ရောက်နိုင် တယ်လို့ သိရပါတယ်။ သင်တန်းကိုတော့ မတ်လ ၃ ရက်နေ့က စတင် သင်ကြားဖွင့်လှစ်ပေးပြီး သင်တန်းဆင်းပွဲကို လာမယ့် ဧပြီလ(၇)ရက်မှာ ပြုလုပ်သွားမှာဖြစ်မှာ ဖြစ်ပါတယ်။ ဒီသင်တန်းကို တော့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ကျွမ်းကျွမ်းကျင်ကျင် တက်စေလိုတဲ့ အတွက်ဖွင့်လှစ် ခဲ့တာပါ။

အခုဖွင့်လှစ်ခဲ့တဲ့ ဒီဇိုင်းနာပညာရပ်သင်တန်းမှာ မြန်မာထမိန်(၅)မျိုးချုပ်လုပ်မှုတွေကို သင်ကြားပေးခဲ့ပါတယ်။ တစ်ပတ်မှာ  တစ်ရက်သင်ကြားပေးခဲ့ပြီး  သင်တန်းကာလတစ်လကြာမြင့် ခဲ့တယ်လို့သိရပါတယ်။ သင်တန်းကို ဒီဇိုင်နာလောကမှာ အောင်မြင်နေကြတဲ့ ပညာရှင်တွေက သင်ကြားပေးတာဖြစ်ပါတယ်။နောက်ထပ်အခမဲ့ဖွင့်လှစ်မယ့် သင်တန်းတွေကိုလဲ အလင်းပြကောင်းကင် လူမှုကွန်ရက် စာမျက်နှာမှာ ထပ်မံကြေညာပေးသွားမယ်လို့သိရပါတယ်။ ဒီဇိုင်နာ အများစုနဲ့ဖွဲ့စည်းထားတဲ့ အလင်းပြကောင်းကင်ပရဟိတအဖွဲ့ဟာ ဒီဇိုင်နာပညာရပ်ကို အခုလိုအခမဲ့ သင်ကြားပေးတာ ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ 

 

 

Related News