Yangon Book Plaza မှာပြုလုပ်နေတဲ့ စာအုပ်ပွဲတော်ကိုဇူလိုင်လ(၁၉)ရက်မှ (၂၂)ရက်ထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့စာအုပ်ပွဲတော်မှာ ရောင်းချပေးနေတဲ့ ကျပ် (၂၀၀) တန် စာအုပ်တွေမှာ စာဖတ်သူများပြားလာပြီး စာအုပ်ရောင်းအားမြှင့်တက်နေတယ်လို့ သိရပါတယ်။ကျပ်(၂၀၀)တန်စာအုပ်တွေဟာတခေတ်တခါကစာအုပ်အငှားဆိုင်လောကမှာ အလွန်ရေပန်းစားထင်ရှားခဲတဲ့ အချစ်ဝတ္တုများ၊ ဟာသ၀တ္တုများ၊ သည်းထိပ်ရင်ဖိုဝတ္တုများ၊စတဲ့အမျိုးအစားစုံလင်တဲ့ စာအုပ်တွေကို ဈေးသက်သက်သာသာနဲ့အများပြည်သူဝယ်ယူဖတ်ရှုနိုင်စေရန်အတွက် ကျပ် (၂၀၀)ဈေးနှုန်းနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ book plaza စာအုပ်ပွဲတော်မှာ စာအုပ်ရောင်းချနေသူကပြောပါတယ်။

ဒါ့အပြင် ငွေကျပ်(၂၀၀)နဲ့ရောင်းချနေတဲ့စာအုပ်တွေက နာမည်ကြီးစာရေးဆရာတွေဖြစ်တဲ့ ၀တ္တု လွန်းထားထား၊ လမင်းမိုမို၊ ရှင်မိုး၊ ဆောင်းလုလင်၊ မြားစစ်သည်၊ ဝေမင်းအိမ် ၊ မဟူရာ(လွိုင်ကော်)၊ လတ်တေဇအောင်၊တက္ကသိုလ်တင်မြင့်၊စတဲ့နာမည်ကြီးစာရေးဆရာများရဲ့စာအုပ်တွေလည်ပါဝင်ပါတယ်။ဒါ့ပြင် လက်ရှိလမှာထုတ်ဝေခဲ့တဲ့ စာအုပ်တွေကိုလည်း (၁၀)ရာခိုင်နှုန်းကနေ (၃၀)ရာခိုင်နှုန်းအထိရောင်းချပေးနေတာဖြစ်ပါတယ်။စာအုပ်ပွဲတော်ကို ဇူလိုင်လ(၁၉)ရက်မှ (၂၂)ရက်ထိ (၄)ရက်တိုင် စာအုပ်ပေါင်း(၅)သောင်းဝန်းကျင် ကိုရောင်းချပေးနေတာဖြစ်ပြီးအခုလိုရောင်းချရာမှာကျပ် (၂၀၀)စာအူပ်တွေကိုစာဖတ်ပရိတ်သတ်တွေ စိတ်ဝင်စားမှုများပြားနေတာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News