မနောရမ္မပညာဒါနကျောင်းကရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာတည်ရှိတာဖြစ်ပြီး အဲ့ဒီပညာဒါနကျောင်းက ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းဖြစ်ပြီး လက်ရှိမှာတော့  ဘာသာစကား(၇)မျိုးနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်များကို အခမဲ့သင်ကြားပေးတာ ဖြစ်ပါတယ်။မနောရမ္မပညာဒါနကျောင်းစတင်တည်ထောင်စဉ်ကဘာသာစကား(၃)မျိုးကိုသာ အခမဲ့သင်ကြားပေးခဲ့တာဖြစ်ပြီး အခုချိန်မှာတော့အင်္ဂလိပ်,ပြင်သစ်,ဂျပန်,တရုတ်,ကိုရီးယား,ဂျာမန်,ထိုင်းစတဲ့ဘာသာစကား (၇)မျိုးအပြင် အီလက်ထရွန်းနစ်သင်တန်း၊ စာရင်းကိုင်သင်တန်း၊ သူနာပြုအကူသင်တန်း၊ စီမံခန့်ခွဲမှုသင်တန်း စတဲ့အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်တွေကိုပါ ပညာဒါနသင်ကြားပေးနေတာဖြစ်ပါ တယ်။ လက်ရှိမှာ သင်တန်းသားအယောက် (၂၅၀၀)ကျော် လာရောက်သင်ကြား နေပြီး ဆရာ,ဆရာမအယောက်(၃၀)ကျော်တို့က မေတ္တာနဲ့လာရောက်ကူညီသင်ကြား ပေးနေတာဖြစ်ပါတယ်။

မနောရမ္မပညာဒါနကျောင်းကို ၁၉၉၆ခုနှစ်ထဲကစတင်တည်ထောင်ခဲ့တာ ဖြစ်ပြီးငွေကြေးအခက်အခဲရှိတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မနောရမ္မပညာဒါနကျောင်းမှာ တက်ရောက်ချင်သူတွေအတွက် တခြားသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများစွာမရှိဘဲ အခြေခံပညာအထက်တန်းအဆင့်အောင် မြင်ပြီးသူတိုင်း တက်ရောက်သင်ယူနိုင်တယ်လို့ သိရပါတယ်။

 

 

 

Related News