အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ်(၁၁)သင်တန်းဆင်းပွဲကို သြဂုတ်လ(၅)ရက်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။သင်တန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ကိုင်လိုသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီသင်တန်းမှာ  ကုမ္ပဏီတစ်ခုတည်ထောင်တာ၊ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းတွေ ၊ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုတာတွေ၊ အစားအသောက်နှင့်ဆေးဝါးတင်သွင်းတာတွေ အစရှိတဲ့ စီးပွားရေးနှင့်ကုန်သွယ်မှု ဆိုင်ရာတွေကို သက်ဆိုင်နယ်ပယ်အသီးသီးမှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ဆရာ၊ ဆရာမတွေနဲ့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက သင်ကြားပို့ချပေးခဲ့တာလို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းကို ရုံးဖွင့်ရက်တွေမှာ တစ်ပတ်ကို(၃)ရက်နဲ့ (၃)လခွဲကြာသင်ကြားပေးပြီး စနေ၊ တနင်္ဂနွေမှာ သင်ကြားတဲ့ သင်တန်းကိုတော့ (၄)လသင်ကြားပေးနေတယ်လို့သိရပါတယ်။ အခုသင်တန်းဆင်းပွဲကတော့ ရုံးဖွင့်ရက်တွေမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ၊သင်တန်းသားတွေကို သင်တန်းဆင်းပွဲပြုလုပ်ပေးတာဖြစ်တယ်လို့သိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း Certificate Courseကို အမှတ်စဉ်(၁၁) ထိသင်ကြားပေးခဲ့ပြီး နောက်ပိုင်းမှာ  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု Diploma သင်တန်းတွေကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

 

 

Related News