ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၄၃)အခြေခံပညာမူလတန်းကျောင်းမှာ ကျောင်းပြင်ပ ပညာရေးကို ဖွင့်လှစ်သင်ကြား ပေးနေပြီး ဒီကျောင်းမှာတက်ရောက်သင်ကြားသူကျောင်းသားကျောင်းသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ တယ်လို့ သိရပါတယ်။ မောင်အာကာချမ်းမြေ့ဟာရွှေပြည်သာမြို့နယ်ထဲက အမှတ်(၄၃)အခြေခံပညာမှုလတန်းကျောင်းမှာ ကျောင်းပြင်ပပညာရေးကို သင်ယူနေသူတစ်ဦးပါ။

နယ်ကနေရန်ကုန်ကိုပြောင်းရွှေ့လာတဲ့ သူတို့မိသားစုအတွက် ကျောင်းထွက်လက်မှတ် အခက်အခဲကြောင့် ကျောင်းပြင်ပပညာရေးကိုသာသင်ယူနေရသူပါ။ မောင်အာကာချမ်းမြေ့ဟာပိတ်ရက်တွေမှာ ပုဇွန်ခေါင်းခြွေတဲ့ အလုပ်ကို လုပ်ကိုင်ရင်းတစ်ဖက်ကလည်း ပညာသင်ကြားနေရတာပါ။ မိသားစုစားဝတ်နေရေးကြောင့် ၀င်ငွေရှာနေရပေမယ့် သူကိုယ်တိုင်က ပညာကိုကြိုးစားသင်ယူစိတ်ရှိသူတစ်ဦးပါ။ရွှေပြည်သာမြို့နယ်အတွင်းမှာရှိတဲ့အမှတ်(၄၃)အခြေခံပညာမူလတန်းကျောင်းဟာကျောင်းပြင်ပပညာရေးကိုဖွင့်လှစ်သင်ကြားလာတာ(၈)နှစ်ရှိနေပါပြီ။ဒီကျောင်းစတင်ဖွင့်လှစ်စဉ်ကကျောင်းပြင်ပပညာရေးကိုသင်ကြားနေတဲ့ကျောင်းသားကျောင်းသူအရေအတွက(၁၀)ဦးခန့်သာရှိခဲ့ပေမယ့်အခုအချိန်မှာတော့(၃၂)ဦးအထိရှိနေပြီးတက်ရောက်သင်ကြားသူပိုမိုများပြားလာပါတယ်။ဒီကျောင်းမှာတက်ရောက်သင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေဟာပုဇွန်ခေါင်းခြွေ၊ကျောက်ထမ်း၊သဲထမ်း၊ရေသန့်ဘူးကောက်စတဲ့အလုပ်တွေကိုလုပ်ကိုင်ကြပြီးတစ်ဖက်ကပညာသင်ကြားနေရတာပါ။အဲဒီလိုကလေးတွေကိုပညာသင်ကြားနိုင်အောင်သူတို့မိဘတွေနဲ့တွေ့ဆုံပြီးဆွေးနွေးခဲ့ရတယ်လို့သိရပါတယ်။

အခုလိုကျောင်းပြင်ပပညာရေးကိုဖွင့်လှစ်သင်ကြားရာမှာအသက်(၁၀)နှစ်ကနေ(၁၄)နှစ်အတွင်းရှိကျောင်းမနေဘူးသူဖြစ်ရမှာဖြစ်ပါတယ်။သင်ကြားရေးပိုင်းဆောင်ရွက်ရာမှာပထမအဆင့်၊ဒုတိယအဆင့်အဆင့်နှစ်ဆင့်ခွဲခြားသင်ပေးနေတာဖြစ်ပြီးပထမအဆင့်မှာမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊ဘာသာရပ်ကိုသင်ကြားပေးနေပြီးဒုတိယအဆင့်မှာမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊အထွေထွေဘာသာရပ်အပြင်အသက်မွေးဝမ်းကြောင်းပညာရပ်တွေကိုပါသင်ကြားပေးနေတယ်လို့သိရပါတယ်။သင်ကြားမှုပြီးစီးသွားပါကသင်ယူတတ်မြောက်မှုသင်တန်းဆင်းလတ်မှတ်တွေချီးမြှင့်ပေးတယ်လို့သိရပါတယ်။ရွှေပြည်သာမြို့နယ်အတွင်းအစိုးရကျောင်း၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအပြင်ကျောင်းပြင်ပပညာရေးကိုဖွင့်လှစ်သင်ကြားပေးနေတဲ့ကျောင်းစုစုပေါင်း(၉)ကျောင်းရှိပြီးဒီကျောင်းတွေမှာတက်ရောက်သင်ကြားနေတဲ့ကျောင်းသား၊ကျောင်းသူဦးရေဦးရေဟာ(၂၀၀)ခန့်အထိရှိတယ်လို့ သိရပါတယ်။

 

 

 

Related News