ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မန္တလေးဇုံ) က  ဖွင့်လှစ်ခဲ့တဲ့ အမျိုးသားအဆင့် အာဆီယံ ဆရာဖြစ် သင်တန်းဆင်းပွဲ ကို စက်တင်ဘာလ (၁၈) ရက်နေ့က မန္တလေးမြို့ Hotel Sakura Princess မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။နိုင်ငံတကာ အဆင့်မီ ဟိုတယ်တွေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပေါင်းစပ်ပြီး ဖွင့်လှစ်လာတဲ့  ဟိုတယ်တွေများလာပြီး အဆင့်မီကျွမ်းကျင်တဲ့ ၀န်ထမ်းကောင်းတွေ လိုအပ်လာတယ်လို့ သိရပါ တယ်။  တိုးတက်ပြောင်းလဲလာတဲ့ ဟိုတယ်နဲ့ခရီး သွားကဏ္ဍမှာ ကျွမ်း ကျင်ပြီး အဆင့်မီတဲ့ ၀န်ထမ်းတွေကို မွေးထုတ်ပေးဖို့အတွက် အခုလို အမျိုးသားအဆင့် အာဆီယံဆရာဖြစ် သင်တန်းတွေ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်တဲ့ အမျိုးသားအဆင့် အာဆီယံ ဆရာဖြစ် သင်တန်းကို မန္တလေးတိုင်းဒေသကြီးရှိ ဟိုတယ်လုပ်ငန်း ဆိုင်ရာ ၀န်ထမ်းတွေကို လူ့စွမ်းအားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။  သင်တန်းကို တက်ရောက်တဲ့ သင်တန်းသားတွေအနေနဲ့ တတ်မြောက်ထားတဲ့ ပညာရပ်တွေကို လက်ဆင့်ကမ်းမျှဝေပေးပြီး မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ တိုး တက်ကောင်းမွန်လာစေဖို့ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သင်တန်းတက်ရောက်ခဲ့တဲ့ ကိုရဲမြင့်က ပြောပါတယ်။အခုပြုလုပ်တဲ့ အမျိုးသားအဆင့် အာဆီယံ ဆရာဖြစ် သင်တန်းဟာ (၃) ကြိမ်မြောက် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီသင်တန်းကို သင်တန်းသား (၂၀) ကျော် တက်ရောက်ပြီး သင်တန်းကာလ(၄) ကြာ သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

 

Related News