စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ (၂၀၁၈) ခုနှစ်ပညာသင်နှစ်အတွက် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့အတူ ရွှေတံဆိပ်ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ရက်က စစ်ကိုင်းမြို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ ရွှေတံဆိပ်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒေါက်တာသန်းဦးဖောင်ဒေးရှင်းက ပံ့ပိုးပေးတာဖြစ်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ်က ဦးဆောင်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။အခုလို ရွှေတံဆိပ်ဆုချီးမြှင့်တာက မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူတွေရဲ့ပညာရေးအဆင့်တိုးတက်လာစေဖို့၊ကျောင်းသား၊ကျောင်းသူတွေအနေနဲ့လည်း ဒီထက်မကပိုမိုကြိုးစားစေပြီး ထူးချွန်တဲ့လူငယ်တွေဖြစ်လာစေဖို့ ရည်ရွယ်ပြီး ပေးအပ်တာဖြစ်တယ်လို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်ကပြောပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်အနေနဲ့ ဒေါက်တာသန်းဦးဖောင်ဒေးရှင်းရွှေတံဆိပ်ဆုကို (၂၀၁၅) ခုနှစ်ကစတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ယခုအကြိမ်မှာ စတုတ္တအကြိမ်မြောက် ဆုချီးမြှင့်တာဖြစ်တယ်လို့သိရပါတယ်။ ဒီဆုချီးမြှင့်ပွဲမှာ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဘီအီးဒီဘွဲ့(B.Ed)အတွက် ပထမနှစ် မှ ပဉ္စမနှစ်အထိပညာသင်ကြားခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ (၃၀၀)ကျော်ထဲမှ ပညာထူးချွန်ဆုံး၊ အမှတ်အများဆုံးနဲ့အကောင်းဆုံးရရှိခဲ့သူကိုသာ ဆုချီးမြှင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလို ဒေါက်တာသန်းဦးဖောင်ဒေးရှင်းအနေနဲ့ ရွှေတံဆိပ်ချီးမြှင့်မှုတွေကို စစ်ကိုင်းပညာရေးတက္ကသိုလ် အပါအ၀င် ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တို့မှာလည်း ရွှေတံဆိပ်ဆုတွေကို ချီးမြှင့်နေတာဖြစ်တယ်လို့သိရပါတယ်။

 

 

 

Related News