ဆရာမကြီး မသန်းသန်း(မန်းတက္ကသိုလ်)ပြုစုရေးသားထားတဲ့ လေးမြိုင်-စာပေသတ္တိဖြင့် ရှင်သန်သူစာအုပ်မိတ်ဆက်မှုကို ဇန်န၀ါရီလ(၂၀)ရက်က ရန်ကုန်မြို့ရှိ ဇဗ္ဗူသီရိဗိမာန်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆရာမကြီးမသန်းသန်း(မန်းတက္ကသိုလ်)က ဆရာကြီးလေးမြိုင်ရဲ့ ဘ၀ဖြတ်သန်းမှုတွေကို ပိုမိုပြည့်စုံအောင်မှတ်တမ်း ပြုရေးသားထားတာဖြစ်ပြီး၊ ဆရာကြီးရဲ့ ထင်ပေါ်ကျော်ကြားမှု၊ ဆရာကြီးရဲ့ ဘ၀အတွေ့အကြုံတွေထဲမှ ကောင်းတဲ့ အချက်တွေကို ရယူစေချင်တဲ့ စေတနာနဲ့ အခုလို ရေးသားဖော်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။လေးမြိုင် - စာပေသတ္တိဖြင့် ရှင်သန်သူ စာအုပ်မှာဆိုရင် တန်ဖိုးထားစရာ နမူနာယူစရာ၊ ဆရာဂုဏ်ရည်ပူဇော်သည်၊ စာရေးသူ၏စကားဦး၊ ပီတိအားဖြင့်မျှဝေသည်၊ ဘ၀အစပထမခြေလှမ်း၊ လင်းချည်တခု မှုန်ပြာတစ်လှည့်၊ စတာတွေပါဝင်ပြီး စာဖတ်သူတွေအတွက် အမြင်သစ်၊ အတွေးသစ်များ၊ ဗဟုသုတများစွာရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။လေးမြိုင် -စာပေသတ္တိဖြင့် ရှင်သန်သူ စာအုပ်မိတ်ဆက်ပွဲကို စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာကြီး ဦးလေးမြိုင်၊ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)၊ ဆရာကြီး လယ်တွင်းသားစောချစ်၊ ဆရာမကြီး မသန်းသန်း(မန်းတက္ကသိုလ်)၊ ဆရာကြီးကြည်ရွှန်းတို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

Related News