တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၆)ရက်က စတင်ဖြေဆိုနေကြတာဖြစ်ပြီး ဒီကနေ့ မတ်လ(၇)ရက်မှာတော့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုနေကြတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၆)ရက်မှာ စတင်ဖြေဆိုခဲ့တာဖြစ်ပြီး ဒီကနေ့ မတ်လ(၇)ရက်မှာတော့ အင်္ဂလိပ်စာဘာသာရပ်ကိုဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြတဲ့ကျောင်းသား ကျောင်းသူတွေကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတွေ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ရုံးမှ တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတွေက လိုက်လံကြည့်ရူခဲ့ကြတာဖြစ်ပါတယ်။

စာမေးပွဲကို ဒီနှစ်မှ စတင်ပြောင်းလဲတဲ့ မေးခွန်းပုံစံအသစ်နဲ့ ဖြေဆိုရမှာဖြစ်တာကြောင့် ကျောင်းသား ၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေ ကတော့စိုးရိမ်မှုတွေရှိနေတယ်လို့ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးမှာ ယာဉ်ထိန်းရဲတစ်ထောင် နီးပါးထားရှိပြီး စာမေးပွဲမဖြေဆိုခင် မနက်(၆)နာရီကစပြီး စာမေးပွဲပြီးတဲ့ နေ့လည် (၁၂)နာရီအချိန်အထိ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

 

 

Related News