လာမယ့် ဇွန်လ (၈) ရက် မှာ (၂၀၁၉) တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုထုတ်ပြန်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှသိရပါတယ်။(၂၀၁၉) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြီးခဲ့တဲ့ မတ်လက ကျင်းပခဲ့တာဖြစ်ပြီး (၈) သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်..ဇွန်လ (၈) ရက်မှာထွက်ရှိမယ့်​ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ် အသီးသီးမှာရှိတဲ့ စာစစ်ဌာနတွေမှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်းစိန်မြို့နယ် အမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်း၊  ရန်ကင်းမြို့နယ် အမှတ် (​၁) အခြေခံပညာအထက်တန်းကျောင်း၊ စမ်းချောင်းမြို့နယ် အမှတ် (၂) အခြေ ခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေ ခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်  (၂) အခြေ ခံပညာအထက်တန်းကျောင်း ၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေ ခံပညာအထက်တန်းကျောင်း စတဲ့အခြေခံပညာကျောင်း (၆) ကျောင်းမှာ တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို​ ကြေညာထားမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် အောင်စာရင်းထွက်ရှိမယ့် ဇွန်လ (၈) ရက် မနက် ၆ နာရီမှာ ပညာရေးဝန်ကြီးဌာနwebsit ဖြစ်တဲ့ www.moe .gov.mm နဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန website ဖြစ်တဲ့ www. myanmarexam .org တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်တယ်လို့သိရပါတယ်။

 

Related News