(၂၀၁၆)ခုနစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက်ရုပ်ရှင်ဇာတ်ကား(၂၇)ကားကို ဒုတိယအဆင့် စိစစ်မှုပြီးစီးပြီဖြစ်ပြီး ဒီဇင်ဘာလကုန်ထိရုံတင်ဇာတ်ကား (၃၀)ကျော်ကို စိစစ်သွားမှာလို့သိရပါတယ်။မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးစီးကျင်းပမယ့်(၂၀၁၆)အကယ်ဒမီပေးပွဲအတွက် အလွှာ အသီးသီးက အကဲဖြတ်ပညာရှင် (၄၂)ဦးကစီစစ်အကဲဖြတ်နေတာပါ။ အကဲဖြတ်အဖွဲ့မှာပါဝင်တဲ့ ဒါရိုက်တာ အလွှာအနေနဲ့ထူးချွန်ဆု (၁၁)ဆုလုံးအတွက်စီစစ်ပေးနေတာဖြစ်ပြီး ကျန်အလွှာက ပညာရှင်တွေက ဆု(၆)ဆုစီကို စီစစ်အကဲဖြတ်နေတာပါ။ ရန်ကုန်ကရုံတွေမှာ ဒီနှစ်ဒီဇင်ဘာအထိ ရုံတင်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့ နယ်ရုပ်ရှင်ရုံတွေမှာ နိုဝင်ဘာ အထိတင်ခဲ့တဲ့ဇာတ်ကားတွေကို ဆက်လက်စီစစ်ပေးသွား မှာဖြစ်တယ်လို့သိရပါတယ်။ အကယ်ဒမီပေးပွဲကိုတော့ မတ်လအလယ်လောက်မှာပြုလုပ်နိုင်ဖို့စီစဉ်ထားပြီး ပွဲကျင်းပမယ့် နေရာအတွက်ကိုတော့ ပရိသတ်များများဝင်ဆံ့နိုင်မယ့် နေရာအတွက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုတွေကိုတော့ မနှစ်ကထက်လူလျော့ ခေါ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

Related News