နိုင်ငံတော်အတိုင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူတွေကိုသာ ရေးဆွဲထားတဲ့  ပန်းချီဆရာမ ဝေေ၀၀င့်ဝါရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့ (၃၁)လမ်းမှာရှိတဲ့31 Art Gallery  မှာ ဒီဇင်ဘာ(၂၁)ကနေ (၂၂)ရက်အထိ ပြုလုပ်နေပါတယ်။ပြပွဲမှာ ပန်းချီကား (၂၉)ကားပါဝင်ပြီး Lady Diaries  လို့အမည်ပေးထားပါတယ်။ဒီပန်းချီကားတွေကို ဒီဇင်ဘာလအတွင်းမှာပဲ ရေးဆွဲခဲ့တာဖြစ်ပြီး  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငယ်ဘ၀ပုံ(၂)ပုံနဲ့ လက်ရှိအချိန် ပုံရိပ်တွေဖြစ်ပါတယ်။အခုပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေထဲကတစ်ပုံကိုဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ပန်းချီကားတွေကို acrylic တစ်မျိုးထဲသာ အသုံးပြုပြီး ရေးဆွဲထားတာ ဖြစ်ပြီး ပန်းချီကားတန်ဖိုးတွေကတော့ အမေရိကန်ဒေါ်လာ(၁၀၀)ကနေ (၂၀၀)ထိသတ်မှတ် ထားပါတယ်။ အခုပြပွဲဟာ မဝေေ၀၀င့်ဝါ-Black Rose  ရဲ့ ပထမဆုံးတစ်ကိုယ်တော်ပြပွဲဖြစ်ပြီး အရင်ကတော့ ဒဂုံ(၁)က လရိပ်ပန်း Gallary  မှာ ပြုလုပ်တဲ့ စုပေါင်းပန်းချီပြပွဲမှာ ပါဝင်ပြသဖူး တယ်လို့ သိရပါတယ်။ 

    

Related News