Mister Tourism World 2016  ပြိုင်ပွဲမှာဆုရရှိခဲ့တဲ့ ဥက်္ကာမင်းမောင်က ပရဟိတ အလုပ်တွေကိုMister Tourism World  အဖွဲ့နဲ့အတူ တစ်နှစ်ကျော်ပူးတွဲလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဥက္ကာမင်းမောင်ကဟာ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ Mister Tourism World 2016  ပြိုင်ပွဲရဲ့Winner ဆုကိုရရှိခဲ့သူလည်း ဖြစ်ပါတယ်။Mister Tourism World 2016 ပြိုင်ပွဲမှာဆုရရှိခဲ့တဲ့ ဥက္ကာမင်းမောင်ဟာဒီဇင်ဘာ (၂၀)ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်သွားပါတယ်။Mister Tourism World 2016  ပြိုင်ပွဲကတော့ နိုင်ငံတစ်နိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေကို အဓိကထုတ်ဖော်ပြသခွင့်ရတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။Mister Tourism World 2016  ပြိုင်ပွဲကိုတော့ ပြည်တွင်းကနေ နိုင်ငံတကာအလှမယ်၊ အလှမောင် ပြိုင်ပွဲတွေ စေလွှတ်နေတMister Of  Myanmar Organization က ရွေးချယ်စေလွှတ်ခဲ့ တာဖြစ်ပါတယ်။ ပြိုင်ပွဲမယှဉ်ပြိုင်မှီမှာလည်း တစ်နှစ်ကျော်နီးပါးအချိန်ယူကာ လေ့လာမှုတွေရှိခဲ့ပြီး အကောင်းဆုံး ပံ့ပိုးပေးမှုတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ဥက္ကာမင်းမောင်အနေနဲ့ Mister Tourism World 2016 ဆုနဲ့အတူ ပြိုင်ပွဲမှာ ပေးအပ်တဲ့ ဆုလေးဆုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

 

Related News