ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာမှာကျင်းပတဲ့ အခုနှစ် ကရင်နှစ်သစ်ကူးနေ့ဟာပြီးခဲ့တဲ့ နှစ်တွေကထက် သိသိသာသာစည်ကားခဲ့တယ်လို့ သိရပါတယ်။ရန်ကုန်အရှေ့ခြမ်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှာ ဒီဇင်ဘာလ(၂၆)ရက်က ကျင်းပခဲ့ပါတယ်။တိုင်းရင်းသားကျေးရွာမှာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပတာ ဖြစ်ပြီး ဒီနှစ်မှာတော့ယခင်နှစ်တွေကထက် လူစည်းကားမှုပိုများခဲ့တယ်လို့သိရပါတယ်။အခမ်းအနားမှာ ကရင်အမျိုးသားအလံကို မနက် ၄ နာရီခွဲဝန်းကျင်မှာလွှင့်တင်ခဲ့ပြီး ဖျော်ဖြေရေးအဖြစ်မင်္ဂလာဖားစည်တီခြင်းနဲ့ ဒုံးအက..... ကရင်အမျိုးသားသီချင်းသီဆိုခြင်း....ရိုးရာဝတ်စုံဝတ်ဆင်ပြသခြင်း.....စတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ လည်း ပါဝင်ပါတယ်။ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်အပြင် နယ်မြို့အသီးသီးမှာ ကျင်းပခဲ့တာဖြစ်ပြီး နေပြည်တော်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကိုတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂိုလ် တက်ရောက်ခဲ့ပါတယ်။

Related News