HIV ဗိုင်းရပ်စ်ကူးစက်ခံ မိဘမဲ့ကလေးတွေကိုလှူဒါန်းဖို့ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်နဲ့ မော်ဒယ်နယ်ပါယ်တို့က အနုပညာရှင်တွေစုပေါင်းပြီး  ဒီဇင်ဘာလ (၂၉)ရက်က ရန်ကုန်မြို့တော်ဝင် နှင်းဆီမှာ အနုပညာဖျော်ဖြေပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အိအိခိုင် တင်ဆက်ပေး ထားပါတယ်။အခုအနုပညာဖျော်ဖြေပွဲကို HIV ကူးစက်ခံရတဲ့ မိဘမဲ့ကလေးတွေ အတွက် (၁၀)နှစ်ပြည့်အနေနဲ့ စုပေါင်းအနုပညာပွဲတော် ပြုလုပ်ပြီး ရန်ပုံငွေရှာတဲ့အနေနဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။    ဒီပွဲကိုတော့ အဖြူရောင်သက်တန့် အဖွဲ့က စီစဉ်တာလည်းဖြစ်ပါတယ်။ဖျော်ဖြေပွဲမှာ စာပေနဲ့ကဗျာဆရာတွေက သူတို့ရဲ့ကဗျာစာပေတွေကို ရွတ်ဆိုကြသလို အဆိုတော်တွေ၊ ရုပ်ရှင်၊ သဘင်နဲ့ မော်ဒယ်အနုပညာရှင်တွေကလည်း ဂီတနဲ့ဖျော်ဖြေမှု တွေပြုလုပ်ခဲ့ကြပါတယ်။အခုဖျော်ဖြေပွဲကို အခမဲ့ပြုလုပ်တာဖြစ်ပြီး HIVကူးစက်ခံရတဲ့မိဘမဲ့ကလေးတွေအတွက် လာရောက်ကြည်ရှုသူတွေဆီက အလှူခံခဲ့သလို အဖြူရောင်သက်တန့် (၁၀)နှစ်ပြည့်စာအုပ်ကိုပါ ရောင်းချပြီး စာအုပ်ရောင်းရငွေရဲ့ အမြတ်ကိုရော အရင်းကိုပါ လှူဒါန်းသွားမယ်လို့ သိရပါတယ် အဖြူရောင်သက်တန့်အဖွဲ့အနေနဲ့ ဇန်န၀ါရီလ (၉)ရက်နေ့မှာ မန္တလေးမှာလည်း အခုလို ပေါင်းစုအနုပညာအဖွဲ့ ပြုလုပ်သွားပြီး ရရှိလာမယ့်ငွေကြေးတွေကိုတော့မန္တလေးက HIV ကူးစက်ခံ မိဘမဲ့ဂေဟာ သုခရိပ်မြုံကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Related News