ရန်ကုန် နှစ်သစ်ကူးည ဖျော်ဖြေရေးအခမဲ့အစီအစဉ်တွေကို ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ မိုင်ဒါကွင်းနဲ့ ပြည်သူ့ရင်ပြင်တို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မိုင်ဒါကွင်းမှာ တော့  Forever Group  ကုမ္ပဏီက နှစ်စဉ်ကျင်းပပေးနေတဲ့ Myanmar Countdown 2017  ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။  Myanmar Countdown 2017  ဖျော်ဖြေပွဲမှာတော့ ပြည်တွင်းက အဆိုတော်တွေ ဖြစ်ကြတဲ့ Big Bag ၊ အောင်လ ၊ Ediot ၊ ဝေလ အောင်ထက် နဲ့ အခြားနာမည်ကြီး အနုပညာရှင်များစွာက ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။ Myanmar Countdown 2017 ပွဲကို ညနေငါးနာရီက စတင်ကာ ဖျော်ဖြေတင်ဆက်မှာ ဖြစ်တယ်လို့  င်္Forever Group  ကုမ္ပဏီ တာဝန်ရှိသူ ကိုစိုးသူရက ပြောပါတယ်။ Myanmar Countdown 2017  ပွဲက 4 TV Showroom  တွေမှာ မှတ်ပုံတင်တစ်ခုကို လက်မှတ်နှစ်စောင် အခမဲ့ထုတ်ပေးတဲ့ ပွဲဖြစ်သလို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာလည်း မြန်မာနိုင်ငံက နာမည်အကြီးဆုံး Band ဖြစ်တဲ့ Iron Cross အဖွဲ့က အခမဲ့ဖျော်ဖြေမှာ ဖြစ်ပါတယ်။ နှစ်သစ်ကူးညမှာ ၀င်ကြေးနဲ့ ကျင်းပသွားမယ့် ပွဲတွေကိုတော့ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ Bo Bo Entertainment  က ကျင်းပတဲ့Mask Party  ဖျော်ဖြေပွဲရှိသလို သုဝဏ္ဏ ပေါ်ဆန်းမွှေး လမ်းက  The One Entertainment  မှာလည်း ကမ္ဘာကျော် DJ သမားတွေရဲ့ ဖျော်ဖြေပွဲတွေ ရှိတယ်လို့ သိရပါတယ်။

 

Related News