Angency of Cultural Affairs နဲ့ Japan Image Concil ၊ ဂျပန်သံရုံးတို့ ပူးပေါင်းပြီး ပထမဆုံး ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့အထိ နေပြည်တော်ရုပ်ရှင်ရုံမှာ ကျင်းပြုလုပ်သွားမယ်လို့သိရပါတယ်။အဲ့ဒီရုပ်ရှင်ပွဲတော်မှာဂျပန်နိုင်ငံမှ တက်သစ်စ ဒါရိုက်တာတွေနဲ့ နာမည်ကျော် ရုပ်ရှင် ဒါရိုက်တာတွေရဲ့ ဇာတ်လမ်းတို၊ ဇာတ်လမ်းရှည်၊ ကာတွန်းရုပ်ရှင်တွေကို ပြသသွားမှာဖြစ်ပါတယ်။

ဂျပန်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ လာရောက်ပြသရတဲ့ အကြောင်းအရင်းကတော့ မြန်မာ- ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ဂျပန်ရုပ်ရှင်ပွဲတော်မှာ ဂျပန်ရုပ်ရှင်ဇာတ်ကားပေါင်း (၁၈) ကားပြသသွားမှာ ဖြစ်ပြီး တစ်နေ့ကို ပွဲချိန်မနက် (၁၀) နာရီမှ ညနေ (၆) နာရီအထိ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Related News