(၂၀၁၇)ခုနှစ်ပန်းခင်းပွဲတော်ကို ဇန်န၀ါရီ (၇) ရက်ကနေ (၁၁) ရက်ထိ ရန်ကုန်မြို့ မြေပဒေသာဥယာဉ်မှာ ပြသနေပြီဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ စိတ်အပန်းဖြေဖို့အတွက်နဲ့ နည်းပညာတွေရဖို့ အတွက်ရည်ရွယ်ပြီး အခုပန်းပွဲတော်ကိုပြသနေတာပါ။ပန်းခင်းပွဲတော် ဖြစ်မြောက်ဖို့ စီစဉ်တဲ့ (၄)လအတွင်းမှာဘဲ အချိန်အခါမဟုတ်မိုးရွာတာတွေနဲ့ အလုပ်သမားမလုံလောက်တဲ့ ပြသာနာတွေရှိခဲ့လို့ အခက်အခဲတွေကြားက အောင်မြင်အောင်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုအခက်အခဲတွေရှိခဲ့ပေမယ့် ပန်းခင်းပွဲတော်မှာ ပန်းတွေကိုစနစ်တကျပြင်ဆင်ထားတဲ့အပြင် ထူးခြားမှုအနေနဲ့ နေကြာပန်းတွေကို အလှထိုးစိုက်ထားတဲ့အတွက် လာရောက်ကြည်ရှုသူတွေအနေနဲ့ ဒီပွဲတော်အပေါ် စိတ်ဝင်စားမှုပိုခဲ့ပြီး နေကြာပန်းမျိုးစေ့တွေလဲရခဲ့တဲ့အတွက် စိတ်ကျေနပ်မှု တွေလဲမြင်ရတယ်လို့ ပွဲစီစဉ်သူတစ်ဦးက အခုလိုပြောပါတယ်။ပန်းခင်းပွဲတော်မှာ ပန်းအမျိုးအစား (၂၈)မျိုးပြသခဲ့ပြီး ဆိုင်းခန်းပေါင်း (၂၀) လာရောက် ပြသခဲ့ကာ လာရောက်ကြည့်ရှုသူတွေအနေနဲ့ နည်းပညာတွေကော၊ မျိုးစေ့၊ အပင်တွေပါ လက်တွေ့ ၀ယ်ယူနိုင်အောင်စီစဉ်ထားတယ်လို့ သိရပါတယ်။

Related News