ဥတ္တရလေပြည်လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ Think Art Gallery မှာ  ဒီဇင်ဘာလ (၇)ရက်ကနေ (၁၂)ရက်အထိ (၅)ရက်တာ ပြသနေပါတယ်။ ပြပွဲကိုမန္တလေးမြို့က ပန်းချီဆရာ (၉)ဦးနဲ့ရန်ကုန်က ပန်းချီဆရာ (၁)ဦးတို့ရဲ့ ပန်းချီကားတွေကို ပြသနေပါတယ်။ မန္တလေးပန်းချီဆရာတွေအနေနဲ့ ရန်ကုန်မြို့မှာ ပန်းချီပြပွဲ ပြုလုပ်ချင်တာကြောင့်လို့ အခုလိုစီစဉ်ဖြစ်တာလို့ ပြောပါတယ်။

ပြပွဲမှာ ပန်းချီဆရာတစ်ဦးအနေနဲ့ ၈ ကားအထိ ပါဝင်ပြသရပြီး ပန်းချီကားပေါင်း (၈၀)ပါဝင်ပါတယ်။ ပန်းချီဆရာတွေဟာ မန္တလေးမှာ ပြပွဲတွေ ပြသဖူးပေမယ့် ရန်ကုန်မြို့မှာတော့ ပထမဆုံးအကြိမ် ပြသတာပါ။ ဒီပန်းချီကားတွေပြသဖို့အတွက် တစ်နှစ်ကျော်အချိန်ယူခဲ့ရပြီး ပန်းချီကားတွေကို Mix - Media  ၊ ဆီဆေး၊ အခရိုင်းလစ် စတာတွေနဲ့ ရေးဆွဲထားတာပါ။ ပန်းချီကားတန်ဖိုးတွေအနေနဲ့ အမေရိကန်ဒေါ်လာ (၅၀၀)ကနေ (၂၀၀၀)အထိ တန်ဖိုးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

Related News